AA နှင့် တပ်မတော်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်မောင်တောနယ်စပ်တွင် လုံခြုံရေးတိုးမြှင့်

AA နှင့် တပ်မတော်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်မောင်တောနယ်စပ်တွင် လုံခြုံရေးတိုးမြှင့်

ရက္ခိုင့်တပ်တော်(AA) နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် မောင်တောနယ်စပ်တွင် နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းက နယ်ခြားစောင့်တပ်များဖြင့် လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်။

မန်နေ့နံနက်ပိုင်းက မောင်တောမြို့နယ် တမန်းသားကျေးရွာနှင့် မင်္ဂလာညွှန့်ကျေးရွာအနီးတွင် တပ်မတော် စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်များကိုတိုးမြှင့်ချထားခြင်း ဖြစ်ကြောင်း ကျေးရွာသားများက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

အမည်မဖော်လိုသူ မင်္ဂလာညွှန့်ကျေးရွာသားတစ်ဦးက “ ရဲစခန်းမှာရဲတပ်ဖွဲ့ဝင်တွေ ထပ်တိုးထားတာပါ။ ညပိုင်းဆိုတော့ ရွာသားတွေ အိမ်ထဲက မထွက်ရဲကြဘူး။ ရွာထဲမှာ စစ်သားတွေ ရောက်နေတယ်လို့လည်း ကြားရပါတယ်” ဟု ပြောသည်။

၄င်းအပြင်စစ်တပ်ကားနှစ်စီးနှင့် ခြေလျင်တပ်သားအင်အားအများအပြား တမန်းသားကျေးရွာမှဖြတ်၍ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဘက်သို့ တက်သွားကြောင်း၊ ဒေသခံများအနေဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း နောက်ထပ်ကျေးရွာသားတစ်ဦးက ပြောသည်။

“ ရွာသားတွေကြောက်နေကြတယ်။ မနက်ဖြန်မှာအခြေအနေ မကောင်းရင်တော့ ရွာက ရှောင်ရှားသင့်ရင် ရှောင်ရှားရမှာပေါ့။ စစ်ကြောင်းတက်သွားတဲ့အခါမှာ တမန်းသား ကျေးလက် ကျန်းမာရေးက ဆေးဝါးတွေ အကူအညီတောင်းသွားတယ်လို့ ကြားရတယ်” ဟု ပြောသည်။

 ရက္ခိုင့်တပ်တော်( AA) မှ ပြောခွင့်ရသူဦးခိုင်သုခအား ဖုန်းဖြင့်ဆက်သွယ်ရာတွင်  မနက်ဖြန်တွင် ဖြေသင့်ဖြေထိုက်သည်များကို ဖြေကြားပေးမည်ဖြစ်ကြောင်းပြောဆိုပြီး သီးခြားတစ်စုံတစ်ရာ ဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။

 မောင်တောခရိုင်ရဲတပ်ဖွဲ့မှူးကလည်း ၄င်းမှာခွင့်ယူထားသဖြင့် မောင်တောတွင် ရှိမနေကြောင်း ပြောဆိုသည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...