ခြုံခိုတိုက်ခိုက်ခံရမှာကို စိုးရိမ်လို့ ရေး-ထားဝယ်ကားလမ်းဘေးက ခြံများကို စစ်ကောင်စီ ရှင်းခိုင်း

ခြုံခိုတိုက်ခိုက်ခံရမှာကို စိုးရိမ်လို့ ရေး-ထားဝယ်ကားလမ်းဘေးက ခြံများကို စစ်ကောင်စီ ရှင်းခိုင်း

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မြို့နယ် ရေး-ထားဝယ်ကားလမ်းဘေးရှိ ခြံများကိုရှင်းလင်းပေးရန် စစ်ကောင်စီဘက်က ခြံရှင်တွေကို စေခိုင်းမှုတွေရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံ PDF အဖွဲ့တွေနဲ့KNU အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှု၊ ခြုံခိုတိုက်ခိုက်မှုခံရမည်စိုးတာကြောင့် ခြံတွေကိုရှင်းလင်းခိုင်းတာဖြစ်နိုင်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ လကုန်ပိုင်းခန့်ကစတင်ပြီး စစ်ကောင်စီဘက်က အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံတွေကနေတဆင့် ခြံပိုင်ရှင်တွေကို ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"ပြီးခဲ့တဲ့ လလောက်ကတည်းက အခြားရွာတွေကို ရှင်းခိုင်းတာရှိတယ်။ ဒီလထဲကျတော့ ကျွန်တော်တို့ရွာဘက်တွေကို ရှင်းခိုင်းတယ်။ မလုပ်ရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေရှိတော့ မအားတဲ့ကြားက လုပ်နေရတာရှိတယ်''လို့ ဒေသခံ တစ်ဦးကသံလွင်တိုင်မ်းကိုပြောပါတယ်။

စစ်ကောင်စီဘက်က ခြံရှင်းပေးဖို့ ညွှန်ကြားခံရတဲ့ ကျေးရွာတွေက မိုင်(၃၀)ကျေးရွာ၊ တလိုင်းယာကျေးရွာအုပ်စု၊ နှမ်းကြဲရွာ၊ ကရင်ထဘီရွာတွေအပါအဝင် ကားလမ်းဘေးကျေးရွာအားလုံး ပါဝင်တယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...