ဖယ်ခုံမြို့နယ်ရှိ လတူးကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ

ဖယ်ခုံမြို့နယ်ရှိ လတူးကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လတူးကျေးရွာတစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ မီးရှို့ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူ တစ်ဦးထံက သိရပါတယ်။

” မနေ့ည နေ့လည်ပိုင်းလောက်မှာ ဖြစ်သွားတာ စစ်ကောင်စီက အဲ့ဒီကျေးရွာထဲကို ဝင်ပြီးတော့ မီးရှို့သွားတာ။ ညနေပိုင်း တစ်နာရီဝန်းကျင်လောက် ရွာသားတွေပြေးနေတဲ့ အချိန်မှာ အဲ့ရွာထဲ ဝင်လာပြီးတော့မှ တစ်ရွာလုံးကို မီးရှို့လိုက်တာ ရွာအိမ်ခြေက ၃၀ လား ၄၀ လား အဲ့လောက်ရှိတယ်နော” လို့ KNDF တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

မီးလောင်ပြီး ပြာကျသွားတဲ့ နေအိမ်တွေရှိသလို ပြာမကျပေမယ့် နေထိုင်လို့ မရတော့ အခြေအနေအထိ မီးလောင်သွားတဲ့ နေအိမ်တွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဖယ်ခုံမြို့ နယ် လတူးကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအပြီးမှာ မီးရှို့ခဲ့ပြီး လက်ရှိမှာတော့ လတူးကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်စွဲနေတာရှိနေတယ်လို့ သိရပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းမှာ ၇ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေခဲ့ပြီး ဒေသခံ တစ်သောင်းဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသလို ဒေသခံနေအိမ်လည်း အများအပြားပျက်စီးမှုတွေ ရှိနေပါတယ်။

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...