ချောင်းဆုံမြို့ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦး ကိုဗစ်ပိုးတွေ့ရှိ

ချောင်းဆုံမြို့ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦး ကိုဗစ်ပိုးတွေ့ရှိ

မွန်ပြည်နယ် ဘီလူးကျွန်း-ချောင်းဆုံမြို့အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးတွင် ကိုဗစ် ၁၉ ပိုး တွေ့ရှိခဲ့ကြောင်း ချောင်းဆုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ကိုဗစ်ပိုးတွေ့ရှိသူကျောင်းသား၏ ဖခင်ဖြစ်သူ နေမကောင်းဖြစ်သောကြောင့် ကိုဗစ်စစ်ဆေးရာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရောဂါပိုးတွေ့ရှိခဲ့ရာမှ ၎င်းကိုဆက်လက်စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

"သူ့အဖေကဖျားနေလို့ စစ်တော့ ပိုးတွေ့တယ်။အဲ့ဒီကျောင်းသားကလည်း ဖျားပြီး ၂ ရက်နေ့ထဲက ကျောင်းမလာဘူး။ သူ့ကိုပါစစ်တော့ပိုးတွေ့တယ်"ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အဆိုပါကျောင်းသားသည် ကျောင်းတက်ရန် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့က အဆိုပါကျောင်းသားနှင့်ထိတွေ့ခဲ့သူ ကျောင်းသားကျောင်းသူ၊ ဆရာမ ၃၄ဦးတို့အား နိုဝင်ဘာလ ၅ရက်နေ့က အာခေါင်တို့ဖက်ယူစစ်ဆေးခဲ့ရာ ကိုဗစ်ပိုး မတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

"ထိတွေ့မှုရှိခဲ့တဲ့ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေ စုစုပေါင်း ၃၄ ဦးကို နောက်တစ်ကြိမ်ထပ်စစ်ဦးပါမယ်။ ကျောင်းတွေကိုတော့ပိတ်တာမျိုးလုပ်ဦးမှာမဟုတ်ပါဘူး။ ပိုးတွေ့တဲ့အခန်းကိုတော့ယာယီပိတ်ပြီး ပိုးသတ်တာတို့ တခြားကိုဗစ်နဲ့သက်ဆိုင်တာတွေ ဆက်လုပ်နေပါတယ်"ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အခြေခံပညာကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသားအားလုံးနီးပါး ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံထားပြီးဖြစ်ကြောင်း သိရသည်။

May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...