အိန္ဒိယ-မြန်မာနယ်စပ် ဇိုးခေါထားကျေးရွာတွင် စစ်ဘေးရှောင်စခန်းများတည်ဆောက်

အိန္ဒိယ-မြန်မာနယ်စပ် ဇိုးခေါထားကျေးရွာတွင် စစ်ဘေးရှောင်စခန်းများတည်ဆောက်

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ဇိုးခေါထားကျေးရွာတွင် မြန်မာစစ်ဘေးရှာင်များ တစ်ရက်ပြီးတစ်ရက် တိုးများလာနေသည့်လက်ရှိအခြေအနေတွင် နေရာမဆံ့တော့သည့်အတွက် စစ်ဘေးရှောင်စခန်း ၂ လုံး တည်ဆောက်နေကြောင်း သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းကို ဇိုးခေါထားကျေးရွာ အားကစားကွင်း အသစ်တွင် တည်ဆောက်ကြပြီး လူဦးရေ ၃၀၀ ခန့်နေထိုင်နိုင်မည်ဟု သိရသည်။

ဇိုးခေါထားလူငယ်အသင်းဥက္ကဌ Thankunga Pachuau က “ဇိုးခေါထားကျေးရွာမှာ နေ့တိုင်းလိုလို စစ်ဘေးရှောင်တွေ ရောက်လာကြတယ်။ ဇိုးခေါထားကျေးရွာ ကျောင်းဆောင် ၄ နေရာမှာ စစ်ဘေးရှောင်များပြည့်နေပြီဖြစ်တဲ့အတွက် ယခုလို ကျေးရွာလူထုတွေကပူးပေါင်းပြီး လုပ်အားပေးနဲ့ Relief Camp ကို တည်ဆောက်ခဲ့ကြခြင်းဖြစ်တယ်။” ဟု ပြောသည်။

ဇိုးခေါထားကျေးရွာသည် အိန္ဒိယ-မြန်မာအမှတ် ၂ ချင်းပြည်နယ် ရိ ကုန်သွယ်ရေးစခန်း၏ တဖက်ကမ်းတွင်တည်ရှိသော ကျေးရွာဖြစ်ပြီး ယခုလက်ရှိတွင် စစ်ဘေးရှောင် အယောက် ၁၀၀၀ ကျော် ခိုလုံရောက်ရှိနေကြောင်း သိရသည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...