အိန္ဒိယ-မြန်မာနယ်စပ် ဇိုးခေါထားကျေးရွာတွင် စစ်ဘေးရှောင်စခန်းများတည်ဆောက်

အိန္ဒိယ-မြန်မာနယ်စပ် ဇိုးခေါထားကျေးရွာတွင် စစ်ဘေးရှောင်စခန်းများတည်ဆောက်

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ဇိုးခေါထားကျေးရွာတွင် မြန်မာစစ်ဘေးရှာင်များ တစ်ရက်ပြီးတစ်ရက် တိုးများလာနေသည့်လက်ရှိအခြေအနေတွင် နေရာမဆံ့တော့သည့်အတွက် စစ်ဘေးရှောင်စခန်း ၂ လုံး တည်ဆောက်နေကြောင်း သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းကို ဇိုးခေါထားကျေးရွာ အားကစားကွင်း အသစ်တွင် တည်ဆောက်ကြပြီး လူဦးရေ ၃၀၀ ခန့်နေထိုင်နိုင်မည်ဟု သိရသည်။

ဇိုးခေါထားလူငယ်အသင်းဥက္ကဌ Thankunga Pachuau က “ဇိုးခေါထားကျေးရွာမှာ နေ့တိုင်းလိုလို စစ်ဘေးရှောင်တွေ ရောက်လာကြတယ်။ ဇိုးခေါထားကျေးရွာ ကျောင်းဆောင် ၄ နေရာမှာ စစ်ဘေးရှောင်များပြည့်နေပြီဖြစ်တဲ့အတွက် ယခုလို ကျေးရွာလူထုတွေကပူးပေါင်းပြီး လုပ်အားပေးနဲ့ Relief Camp ကို တည်ဆောက်ခဲ့ကြခြင်းဖြစ်တယ်။” ဟု ပြောသည်။

ဇိုးခေါထားကျေးရွာသည် အိန္ဒိယ-မြန်မာအမှတ် ၂ ချင်းပြည်နယ် ရိ ကုန်သွယ်ရေးစခန်း၏ တဖက်ကမ်းတွင်တည်ရှိသော ကျေးရွာဖြစ်ပြီး ယခုလက်ရှိတွင် စစ်ဘေးရှောင် အယောက် ၁၀၀၀ ကျော် ခိုလုံရောက်ရှိနေကြောင်း သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...