အင်းတော်ကြီးဒေသမှာ MPT ဖုန်းလိုင်းများ ပြတ်တောက်

အင်းတော်ကြီးဒေသမှာ MPT ဖုန်းလိုင်းများ ပြတ်တောက်

အင်းတော်ကြီးဒေသတွင် နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းကတည်းက MPT ဖုန်းလိုင်းအပါအဝင် တခြားသော Telenor , Ooreedoo ဖုန်းများ ပြတ်တောက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

Telenor နှင့် Ooreedoo ဖုန်းလိုင်းများသည် နိုဝင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင် လိုင်းပြန်ပွင့်ခဲ့သော်လည်း MPT ဖုန်းလိုင်းမှာ လက်ရှိအချိန်ထိ ပြတ်နေသေးကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသတွင် ဖုန်းလိုင်းပြတ်တောက်မှု ပိုမိုဖြစ်ပွားလာပြီး အင်းတော်ကြီးအင်းမြှီးဒေသတွင် ဖုန်းလိုင်းပြတ်တောက်မှု အကြိမ်ရေပိုများသည်။

“ တယ်လီနော် နဲ့ အူရီဒူးတော့ရတယ် ၊ MPT က အခုထိ မရသေးဘူး ၊ ဘာဖြစ်လည်းမသိဘူး ၊ Mytel ကမသုံးတော့ လိုင်းမိလားမမိဘူးလားဆိုတာ မသိဘူး” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောသည်။

သို့ရာတွင် အင်းတော်ကြီးဒေသတွင် မည်သည့်အတွက်ကြောင့် ဖုန်းလိုင်းပြတ်တောက်နေရသည်ကို မသိရသေးပေ ။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အင်တာနက်ဖြတ်တောက်မှုများ ၊ ဖုန်းလိုင်းဖြတ်တောက်မှုများကို မြို့နယ် (၄၀)ကျော်အထိ ပြုလုပ်ထားပြီး တချို့သော မြို့နယ်များတွင် အချိန်ပိုင်း ပြတ်တောက်မှုများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...