UEC အသစ်က ပြုလုပ်မည့် PR စနစ် ဆွေးနွေးပွဲသို့ ANP ပါတီတက်ရောက်မည်မဟုတ်ဟုဆို

UEC အသစ်က ပြုလုပ်မည့် PR စနစ် ဆွေးနွေးပွဲသို့ ANP ပါတီတက်ရောက်မည်မဟုတ်ဟုဆို

နိုဝင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)အသစ်က ဦးဆောင်ပြီး ရန်ကုန်တွင် ကျင်းပပြုလုပ်သွားမည့် PR ရွေးကောက်ပွဲစနစ်ဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားပါတီ(ANP) တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက "အဲဒီ PR စနစ်ဆွေးနွေပွဲသို့ ပါတီအနေနဲ့ တက်ဖြစ်မှာမဟုတ်ပါဘူး"ဟု အတည်ပြုပြောဆိုသည်။

ANP ပါတီအနေဖြင့် ယင်းဆွေးနွေးပွဲသို့ မတက်ရောက်ခြင်းမှာ လက်ရှိမတည်ငြိမ်သည့်နိုင်ငံရေးအခြေနေများကြောင့်ဟု ဆိုသည်။

"အကြောင်းကတော့ မြန်မာနိုင်ငံအခြေအနေက ရွေးကောက်ပွဲတစ်ခု လုပ်လို့ရတဲ့ အနေအထားတစ်ရပ်ရှိတယ်လို့ မမြင်တဲ့အတွက် တစ်ကြောင်း၊ သွားရေးလာရေး အခက်အခဲရှိတယ်။ နိုင်ငံမှာက ဖြစ်ပျက်နေတာတွေက မျိုးစုံရှုပ်ထွေးမှုတွေရှိနေတဲ့အတွက်ကြောင့် မတက်ဖြစ်တာပါ"ဟု ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

UEC အသစ်က ဦးဆောင်ပြုလုပ်မည့် PR စနစ်ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီပေါင်း (၅၀) ကျော် တက်ရောက်ရန် စာရင်းပေးထားကြောင်းသိရှိရပြီး ထိုအထဲတွင် ရခိုင်ပြည်နယ်မှ ရခိုင့်ဦးဆောင်ပါတီ (AFP) တက်ရောက်မည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မီဒီယာအချို့သို့ များမကြာခင်က ထုတ်ဖော်ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီများဖြစ်သည့် မြိုတိုင်းရင်းသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီတို့သည် ယခုနှစ် မေလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် UEC သစ်နှင့် နိုင်ငံရေးပါတီများကြား ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...