ကရင်ပြည်နယ်နေ့ ကျင်းပဖို့ပြင်နေတဲ့ စစ်ကောင်စီက ဘားအံမှာ ပုဒ်မ (၁၄၄) ထပ်မံ သက်တမ်းတိုး

ကရင်ပြည်နယ်နေ့ ကျင်းပဖို့ပြင်နေတဲ့ စစ်ကောင်စီက ဘားအံမှာ ပုဒ်မ (၁၄၄) ထပ်မံ သက်တမ်းတိုး

ကရင်ပြည်နယ်နေ့ ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက ဘားအံမြို့နယ်မှာ လူစုလူဝေးမပြုလုပ်ကြဖို့ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၄၄ အမိန့်ကို သက်တမ်း ထပ်တိုးကြောင်း နိုဝင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ကရင်ပြည်နယ် စစ်ကောင်စီကတော့ လူအချို့ဟာ အများပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ လုပ်ဆောင်နေတာကို တွေ့ရှိရတဲ့အတွက်ကြောင့် ပုဒ်မ ၁၄၄ အမိန့် ထပ်တိုး ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။

အဲဒီအမိန့်အရ လူ ၅ ဦး ဒါမှမဟုတ် ၅ ဦးထက်ပိုတဲ့လူတွေဟာ ဘားအံမြို့နယ်အတွင်း လမ်းမကြီးများ အများပြည်သူသွားရာလမ်း လမ်းသွယ် လမ်းကြား၊ ဥယျာဉ် ဒါမှမဟုတ် အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ စုဝေးတာတွေမပြုလုပ်ဖို့နဲ့ ညမထွက်ရအချိန်ကိုလည်း ည ၁၀ နာရီကနေ နံနက် ၄ နာရီအထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပုဒ်မ ၁၄၄ အမိန့်ဟာ နောက်ထပ်အမိန့် တစ်စုံတစ်ရာ မရမခြင်း အတည်ဖြစ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ကရင်ပြည်နယ်စစ်ကောင်စီဟာ လာမယ့် ရက်ပိုင်းအတွင်း ကရင်ပြည်နယ်နေ့ပွဲတော်ကို ကျင်းပသွားဖို့ စီစဉ်နေပြီး အဲဒီပွဲတော်မှာ ပြခန်း၊ လက်ဝှေ့ပွဲနဲ့ ဒုံးအကပွဲတွေကိုလည်း ထည့်သွင်းကျင်းပသွားဖို့ လုပ်ဆောင်ထားပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...