“ကမ္ဘာမကြေဘူး” တက်တူးကြောင့် လူငယ်တစ်ဦး ဖမ်းခံရ

“ကမ္ဘာမကြေဘူး” တက်တူးကြောင့် လူငယ်တစ်ဦး ဖမ်းခံရ

ဖမ်းခံထားရသူ မိတ်ဆွေအားလာကြည့်သော၊ ရင်ဘတ်တွင် "ကမ္ဘာမကြေဘူး" စာတန်းထိုးထားသည့် လူငယ်တစ်ဦးအား စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးသွားသည် ပုသိမ် ဒေသခံများက ပြော သည်။

 

"ဘယ်သူမှမလာနဲ့လို့ စစ်သားကပြောတယ်။ ကိုဖိုးဇော်က အင်္ကျီချွတ်နဲ့ သွားကြည့်တယ်။ စစ်သားက သူရင် ဘတ် ကထိုးတာကို ကြည့်ပြီး မင်းက ဘယ်သူ့ကို ကမ္ဘာမကြေတာလဲ မေးပြီးဖမ်းထားလိုက်တာ" ဟု ဒေသခံ တစ်ဦး က ပြောသည်။

 

ပုသိမ်မြို့နယ် ပုသိမ်-ငပုတော ကားလမ်းဘေးရှိ အုတ်စီကုန်းရွာနေ အသက် ၃၀ အရွယ် ကိုဖိုးဇော်သည် ၎င်းနှင့် ရွာချင်းကပ်တွင် နေထိုင်သူ ဘုရားကြီးကုန်းရွာသားတစ်ဦး အသိမိတ်ဆွေ တစ်ဦးခြံဝန်း အတွင်း အဖမ်းခံထားရသည်ကို သွားရောက်ကြည့်ရှုရာ စစ်ကောင်စီတပ်ဖွဲ့ က တွေ့ရှိသွားပြီး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

 

 ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဘုရားကုန်းကျေးရွာမှ အဖမ်းခံထားရသူ ကိုထိုက်ကြီး ၏ ဝန်ခံထွက်ဆိုချက် အရ ၎င်း၏ခြံဝန်းထဲရှိ ဝက်ခြံ အတွင်းမှ လုပ်လက်စ သေနတ် ၈ လက်ကို သိမ်းဆည်း ရမိခဲ့သည်ဟု စစ်ကောင်စီ တပ်ဖွဲ့ နှင့် နီးစပ်သူများ၏ ပြောပြသည်။



အောက်တိုဘာ ၃၁ ရက်နေ့က ပုသိမ်မြို့နယ် အုတ်စီကုန်းကျေးရွာ နှင့် ကပ်လျှက်ရှိသည့် ကန်ကြီးထောင့် မြို့နယ် အပိုင် ဆင်ခေါင်းကြီးကျေးရွာက အသက် ၄၀ အရွယ် ဦးမျိုးသန့် ဆိုသူကိုလည်း စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံအချို့က ပြောသည်။

 

ပုသိမ်မြို့နယ်အတွင်းရှိ ဘုရားကြီးကုန်းရွာ၊ အုတ်စီကုန်းရွာ၊ ကန်ကြီးထောင့်မြို့နယ်အတွင်း မှ ဆင်ခေါင်းကြီး ကျေးရွာတို့သည် ပုသိမ်-ငပုတော ကားလမ်း ပေါ်တွင်ရှိပြီး နယ်မြေ နီးကပ်ထိစပ်နေကြသည့် ရွာများဖြစ်သည်။

 

ပုသိမ်မြို့နယ် နှင့် ကန်ကြီးထောင့်မြို့နယ်တွင် Mytel ဖုန်းတာဝါတိုင် နှင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာ ရုံးပတ် ဝန်းကျင်များတွင်လည်း ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပေါ်နေပြီး ရဲစခန်း၊ စစ်တပ်ယာယီ ကင်းစခန်း၊ စစ်ကား နှင့် ယာဉ်ထိန်းရုံးတို့လည်း PDF ပြောက်ကြားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို ခံခဲ့ရသည်။

 

ယင်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ၏ စစ်သား ၃ ဦး၊ ယာဉ်ထိန်းရဲ ၂ ဦး သေဆုံးခဲ့ပြီး စစ်သား ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြသည်။

 

ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ က မသင်္ကာသူများ ဟု သတ်မှတ်ပြီး ဒေသခံပြည်သူ ၁၀၀ ကျော်ခန့်ကို ဖမ်းဆီး ထားသည်ဟု ဒေသခံများက ပြောသည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...