မန်းဂျော်နီ နေအိမ်ကို ချိပ်ပိတ်၊ အိမ်သားများ ညတွင်းချင်း ပြောင်းပေးရ

မန်းဂျော်နီ နေအိမ်ကို ချိပ်ပိတ်၊ အိမ်သားများ ညတွင်းချင်း ပြောင်းပေးရ

ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီ က ချိပ် ပိတ်သိမ်းဆည်းလိုက်သည်။

 

နေအိမ်အတွင်းရှိ ပရိဘောဂများ အားလုံးကို ယူဆောင်ခွင့် မပေးပဲ အောက်တိုဘာ ၃၁ ရက်နေ့က ချိပ်ပိတ် သိမ်းဆည်းကာ မန်းဂျော်နီ၏ ကိုယ်ပိုင်ကား မဟုတ်သည့် မိသားစုဝင်တစ်ဦး၏ အိမ်စီးကားကိုလည်း သိမ်းယူသွားသည်ဟု မိသားစုနှင့် နီးစပ်သူများ က ပြောသည်။

 

"မိသားစုတွေကို ကျုံပျော်မြို့ အတွင်းကလွဲပြီး အခြားနေရာကို သွားလာတာ ကန့်သတ်ထားတယ်။ အမျိုးတွေ ကိုပါ စစ်တပ်နဲ့ ရဲကစောင့်ကြည့်နေတာ" ဟု မိသားစု နှင့် နီးစပ်သူ တစ်ဦး ကပြောသည်။

 

ချိပ်ပိတ်ခံရသည့် ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ အိမ်မှာ မိဘဘိုးဘွား စဉ်ဆက်နေ ထိုင်ခဲ့သည့် ဘိုးဘွားစဉ် ဆက် ပိုင်ဆိုင်နေထိုင်ခဲ့ကြသည့် အိမ်ခြံမြေ ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိနေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခံလိုက်သည့်အတွက် အိမ်တွင် နေထိုင်နေသော မန်းဂျော်နီ၏ သားမိသားစုနှစ်စုမှ မိသားစုဝင်များ ညတွင်းချင်း ပြောင်းရွှေ့ပေးလိုက်ရပြီး ကျုံပျော်မြို့ ညောင်ပင်သာ ရပ်ကွက်တွင် အိမ်ငှားရမ်း နေထိုင်ကြရသည်ဟု သိရ သည်။

 

"ဩဂုတ်လတုန်းက ဆရာမန်းရဲ့ တောတွင်းမှာ သေနတ်ကိုင်ထားတဲ့ ဓာတ်ပုံ ထွက်လာတော့ သူ့ အိမ်အနားက ခရစ်ယာန်ဘုရား ရှိခိုးကျောင်းကို စစ်တပ်က ဝင်ရှာသေးတယ်" ဟု ဒေသခံတစ်ဦး က ပြောသည်။

 

ပညာရေးမှူးဟောင်းလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သည့် မန်းဂျော်နီသည် ၁၉၈၈ ခုနှစ်က ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်တစ်ဦး ဖြစ်လာခဲ့သည်။

 

၁၉၉၀ ခုနှစ်တွင် ကျုံပျော်မြို့နယ်မှ ရွေးကောက်ခံ လွတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲတွင် မြောင်းမြမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်အဖြစ် ရွေးကောက်ခံသည်။

 

 ၂၀၁၅ ခုနှစ်တွင် ကျုံပျော်မြို့နယ်မှ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ်တင်မြောက်ခံရ ကာ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့ အထိ ဧရာဝတီတိုင်း ဝန်ကြီးချုပ် အဖြစ်တာ ဝန်ထမ်းဆောင်ခဲ့သည်။

 

 NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုနာယက အဖွဲ့ဝင် ဖြစ်လာပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဧရာဝတီ တိုင်း ကျုံပျော် မဲဆန္ဒနယ် အမှတ် ၂ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်တင်မြှောက် ခြင်း ခံထားရသူဖြစ်သည်။

 

စစ်ကောင်စီက အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်း အမျိုးသမီးလွှတ်တော်အမတ် ဒေါ်သန့်ဝေကျော်၏ နေအိမ်၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CHPH ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၏ ရန်ကုန်မြို့က နေအိမ်၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ဖက်ဒရယ် ပြည် ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင် ၏ ဟားခါးမြို့က နေအိမ်တို့ကိုလည်း ချိပ်ပိတ်သိမ်းဆည်း လိုက်သည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...