လောင်းလုံ-စစ်ပြဲတောလမ်းနေရာမှာ ရဲတပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

လောင်းလုံ-စစ်ပြဲတောလမ်းနေရာမှာ ရဲတပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

တနသာင်္ရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ လောင်းလုံး-စစ်ပြဲ တောလမ်းတစ်နေရာဖြစ်တဲ့ တောင်ဇင်းလမ်းမှာ နိုဝဘာလ ၁ ရက်နေ့က ရဲတပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက အတည်ပြု ပြောပါတယ်။

သေဆုံးသူမှာ လောင်းလုံရဲတပ်ဖွဲ့က ရဲတပ်သား နေမျိုးအောင်(ခ)ရဲမဲဆိုသူဖြစ်ပြီး သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတာဖြစ်ပါတယ်။

"နေ့လည်ကတည်းက လောင်းလုံးစခန်းက ရဲတပ်သားတစ်ဦး တောင်ဇင်းလမ်းမှာ အသတ်ခံရတယ်လို့ သိရတယ်။ သူက နယ်ထိန်းလို့လည်း ပြောနေကြတယ်။ ဘယ်သူဘယ်ဝါလုပ်တယ်ဆိုတာတော့မသိရဘူး''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ရဲတပ်သား နေမျိုးအောင်(ခ)ရဲမဲဆိုသူကို မိမိတို့အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ Nway Oo Guerrilla Force က နိုဝင်ဘာလ ၁ ရက်နေ့ညမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သကျက်တော၊ ညင်းမော်၊ စစ်ပြဲ၊ သဗျာ။ အင်းဇောက်က mytel တာဝါတိုင်တွေကို မိုင်းခွဲဖျက်ဆီးမှုကိုလည်း မိမိတို့ လက်ချက်သာဖြစ်ပြီး အများပြည်သူနဲ့မသက်ဆိုင်ဘူးလို့ Nway Oo Guerrilla Force က ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မသက်ဆိုင်တဲ့ ပြည်သူတွေကို ဖမ်းဆီး အိုးအိမ်ပစ္စည်းတွေကို ဖျက်ဆီးနေတာကြောင့် လောင်းလုံမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့နောက်လိုက်တွေ၊ စစ်အုပ်ချုပ်ရေး ယန္တယားနဲ့ပတ်သက်နေသူ မည်သည့်မိသားစု အိုးအိမ်စည်းစိမ်ကို ငဲ့ထောက်ထားနေမည်မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...