ဒေါက်တာဇော်မြင့်မောင် ထောင်အတွင်း ဖျားနာနေ

ဒေါက်တာဇော်မြင့်မောင် ထောင်အတွင်း ဖျားနာနေ

ဖမ်းဆီးတရားစွဲခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် မန္တလေးအိုးဘိုထောင်အတွင်း နေထိုင်မကောင်းဖြစ်နေကြောင်း မန္တလေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အသိုက်အဝန်းထံမှသိရသည်။

“ဒီနေ့ရုံးထုတ်မှာ ဆရာဇော်ကအတော်လေးဖျားနေလို့ မိသားစုကဆေးဝါးပစ္စည်းပေးခဲ့ရတယ်၊ အချုပ်ခန်းမိုးမလုံလို့မိုးမိပြီး အတော်လေးဖျားနေတာလို့ပြောတာပဲ။ ဆေးတော့ပေးခွင့်ရခဲ့တယ်တဲ့” ဟု ဝန်ကြီးချုပ်မိသား စုနှင့်နီးစပ်သည့် မန္တလေးမြို့က အန်အယ်လ်ဒီပါတီဝင်တစ်ဦးကပြော သည်။

သူ၏အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအသိုင်းဝိုင်းကလည်း ဒေါက်တာဇော်မြင့်မောင် နေမကောင်းဖြစ်နေသည်ကို အတည်ပြုပြော သည်။

၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့အာဏာသိမ်းပြီးနောက်၊ မန္တလေးအိုးဘိုထောင်အတွင်းဖမ်းဆီးထိန်းသိမ်းထားပြီး၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးပုဒ်မတို့နှင့်တရားစွဲထားခြင်းဖြစ်ပြီး ယနေ့ထောင်တွင်းအထူးတရားရုံးတွင်ဆက်လက်စစ်ဆေးခဲ့သည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...