မော်လမြိုင် NLD ပါတီရုံး ဗုံးဖောက်ခွဲခံရ

မော်လမြိုင် NLD ပါတီရုံး ဗုံးဖောက်ခွဲခံရ
မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံး
မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံး

ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်နေ့) နံနက် ၃ နာရီအချိန်ခန့်က ဗုံးခွဲ ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

“မနက် ၃ နာရီလောက်က ဖြစ်သွားတာ၊ ဘေးနားအိမ်တွေ မှန်နည်းနည်းကွဲတယ်

ရုံးအတွင်းပိုင်းမှာတော့ ကြီးကြီးမားမားပျက်စီးတာမျိုးမရှိဘူး။ ဗီနိုင်းလောက်ပဲထိသွားတာ" ဟု အဆိုပါရုံးအနီးအနားရှိ မြို့ခံတစ်ဦးက ဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့်  NLD ပါတီရုံး ဗီနိုင်းနှင့်အဆောက်အဦး အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး ရုံးအနီးတွင်ရပ်ထားသော ကားနှစ်စီးမှ မှန်များနှင့် အနီးနားမှအိမ်ရှိမှန်များ ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးကတည်းက အဆိုပါ မော်လမြိုင်မြို့နယ်ရုံးကို ပိတ်ထားခဲ့ကြောင်း သတင်းရရှိသည်။

ထို့ပြင် NLD မော်လမြိုင်မြို့နယ် ဥက္ကဌ ဒေါ်နွယ်နွယ်အောင်ကိုလည်း မကြာမီရက်ပိုင်းအတွင်းက အာဏာပိုင်များ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

သို့ရာတွင် အဆိုပါ NLD ပါတီရုံးဗုံးပေါက်မှုများနှင့်ပတ်သက်၍ မော်လမြိုင်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

အလားတူ ကျိုက်ထို၊ ဘီးလင်းနှင့်သထုံမြို့နယ်ရှိ NLD ပါတီ မြို့နယ်ရုံးများသည်လည်း အောက်တိုဘာလအတွင်း ဗုံးခွဲဖျက်ဆီးခံခဲ့လိုက်ရသည်။

May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...