မွန်ပြည်နယ်ထွက် ဝဥ တင်ပို့ဖို့ အခက်ကြုံ

မွန်ပြည်နယ်ထွက် ဝဥ တင်ပို့ဖို့ အခက်ကြုံ

တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ် အားလုံးကို အောက်တိုဘာလဆန်းပိုင်းကစပြီး ပိတ်ထားတဲ့အတွက်ကြောင့် မွန်ပြည်နယ်ထွက် ဝဥတွေ တင်ပို့ဖို့ အခက်အခက် ရှိနေတယ်လို့ ဝဥကုန်သည်တွေက ပြောပါတယ်။

တရုတ်နယ်စပ်ဂိတ်တွေ ပိတ်ထားလို့ ဆိပ်ကမ်းတွေကတဆင့် တင်ဖို့ ကြိုးပမ်းရာမှာလည်း လမ်းခရီးကြန့်ကြာတာ၊ ကုန်ကျစရိတ် ကြီးမြင့်နေမှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဝဥတွေ တင်ပို့လို့ မရတဲ့အတွက်ကြောင့် ဝဥ ဈေးကွက် အရောင်းအဝယ်အေးနေသလို တချို့ရက်တွေမှာဆိုရင် ဝဥ ဈေးတောင် မဖွင့်နိုင်ကြဘူးလို့ ဝဥကုန်သည်တွေ ပြောပါတယ်။

မွန်ပြည်နယ်ရဲ့ ဝဥဈေးကွက်မှာတော့ ဝဥအစို တစ်ပိဿာကို ၁၀၀၀ ကျပ် ဝန်းကျင်၊ ဝဥအခြောက်တစ်ပိဿာကို ကျပ် ၇၀၀၀ ကျပ်လောက် ပေါက်ဈေးရှိနေပေမယ့် ဝယ်လက် ပျောက်နေတာ ဖြစ်ပါတယ်။

“ရန်ကုန်ဆိပ်ကမ်းကနေ စင်္ကာပူကို ကုန်တင်နာတွေနဲ့ပို့၊ အဲ့ဒီကတဆင့် တရုတ်ဘက်ကို ပို့လို့ရပေမယ့် လမ်းခရီးက အနည်းဆုံး (၂) လလောက်ကြာနိုင်တယ်။ အဲ့ဒီအတွက် ကုန်ကျစရိတ်ကလည်းပိုတက်သွားနိုင်တယ်။ နောက်ပြီး လက်ရှိ ဘဏ်စနစ်နဲ့က ငွေလွှဲငွေထုတ်က ခက်နေတော့ ဘယ်လိုမှကို အဆင်မပြေနိုင်ဘူး။ အဲ့ဒီအတွက်ကို တခြားနိုင်ငံဈေးကွက်တွေကိုတော့ လိုက်ရှာနေသူတွေလည်းရှိပါတယ်” လို့ ဝဥ ကုန်သည်တစ်ဦးက ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ဝဥ ကို ရေး၊သံဖြူဇရပ်၊ ကျိုက်မရော၊မော်လမြိုင်၊ ဘီးလင်းနဲ့သထုံမြို့တို့မှာ အဓိက စိုက်ပျိုးကြတာဖြစ်ပြီး နှစ်စဉ် ဝဥ  ပိဿာ ၅ သိန်းကျော် ထွက်ရှိနေတာဖြစ်ပါတယ်။

ထွက်ရှိလာတဲ့ ဝဥတွေကိုတော့ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...