အာဆီယံအဖွဲ့ဝင်နိုင်ငံများ နိုင်ငံဝင်ရောက်ခွင့်များကို ပြန်လည်ဖွင့်လှစ်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

အာဆီယံအဖွဲ့ဝင်နိုင်ငံများ နိုင်ငံဝင်ရောက်ခွင့်များကို ပြန်လည်ဖွင့်လှစ်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာသည် ထိုင်းနိုင်ငံ၏ ခြေလှမ်းများအတိုင်း လိုက်ပါဆောင်ရွက်ရန်၊ ဒေသအတွင်း စီးပွားရေးကို ပြန်လည်ဦးမော့အောင်ဆောင်ရွက်ဖို့ ပြန်လည်ဖွင့်လှစ်ရန်နှင့် အာဆီယံအဖွဲ့အစည်း၏ ကိုဗစ် ၁၉ တုံ့ပြန်မှုကိုလည်း မြင်သာအောင် အကောင်ထည်ဖောင်ဆောင်ရွက်ခြင်းကို သေချာစေနိုင်ရန်အတွက် အာဆီယံဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းခဲ့ပါသည်။

ဝန်ကြီးချုပ်ပရရွတ်က အာဆီယံခေါင်းဆောင်များသို့ ပြောကြားရာတွင် ကိုဗစ် ၁၉ ကပ်ဘေးသည် ဖြစ်ပေါ်လာသော ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်သည့် ဒေသန္တရအတွင်းအခြေအနေကို အားနည်းချက်များသာ ဖြစ်ပေါ်စေသည်ဟု ပြောကြားခဲ့သည်။

ပိုမိုတည်ငြိမ်သော အနာဂတ်တစ်ခုဖြစ်စေရန်အတွက် ကပ်ဘေးအတွေ့အကြုံမှ လေ့လာသင်ယူသည့် အတောအတွင်း ၎င်းကပ်ဘေးအကျိုးဆက်ကို ချုပ်ငြိမ်းဖို့ လုပ်ဆောင်သင့်ကြောင်းဟူ၍လည်း အဆိုပါပုဂ္ဂိုလ်မှ ပြောကြားခဲ့ပ ါသေးသည်။  

“အာဆီယံအနေဖြင့် ပြန်လည်ဖွင့်လှစ်ခြင်းကို ဆောင်ရွက်သင့်ပြီး ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဦးမော့ နိုင်ရန် လုံခြုံစိတ်ချရသော ခရီးသွားလာခွင့်ကို ခွင့်ပြုသင့်ပါတယ်” ဟု ဝန်ကြီးချုပ်ပရရွတ်မှ ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းဆိုင်ရာ ခရီးစဥ်များနှင့် နောက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးမည့် ခရီးသွားကဏ္ဍ အစီအစဥ်များကို အဆင်ပြေအောင်  ကာကွယ်ဆေးများနှင့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံသည့် အထောက်အထားများကို  အပြန်အလှန်အသိအမှတ်ပြုကြရန် အာဆီယံခရီးသွားစင်္ကြံသဘောတူညီမှု မူဘောင်ကို ကိုးကား၍ ဝန်ကြီးချုပ် ပရရွတ်က ပြောကြားခဲ့သည်။

“ဤအခြေခံသဘောတရားအတိုင်းပဲ ထိုင်းနိုင်ငံဟာ နိုင်ငံခြားသားခရီးသွားဧည့်သည်များကို လက်ခံဖို့ ဖူးခက် Sandbox အစီအစဥ်အောက် စမ်းသပ်ဧရိယာများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်၊ ပိုမိုပြီးတော့လည်း တဖြည်းဖြည်းချင်း ဖွင့်လှစ်သွားဦးမှာပါ” “ဒါ့အပြင် အာဆီယံအနေနဲ့ ကပ်ဘေးကာအလအတွင်း ထောက်ပံ့ရေးကွင်းဆက်များကို သေချာစေရန် ကုန်စည်စီးဆင်းမှုများကို ကြန့်ကြာစေသည့် မလိုအပ်သော အတားအဆီးများကို ရှောင်ရှားသင့်ကာ ကျွန်ုပ်တို့ဩ ဒေသန္တရစီးပွားရေး ကို လှုံဆော်ပေးနိုင်သည့် အာဆီယံအတွင်း ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုကို လုပ်ဆောင်သင့်ပါတယ်” ဟု ဝန်ကြီးချုပ်ပရရွတ်မှ ပြောကြားခဲ့ပါသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် (RCEP) သည်လည်း ရည်မှန်းထားသော အချိန်ကာလ အတွင်းမှာ အင်တိုက်အားတိုက် ဆောင်ရွက်လာနေပြီး အာဆီယံ-ကနေဒါ လွတ်လပ်စွာ ကုန်စည်ကူးသန်းခွင့် သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကိုလည်း မကြာမီကြေငြာနိုင်မည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးချုပ် ပရရွတ်မှ ပြောကြားခဲ့သည်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...