မြောင်းမြထောင်တွင် ၅၀၅(က) ဖြင့် ထိန်းသိမ်းထားသော အကျဉ်းသားတစ်ဦး သေဆုံး

မြောင်းမြထောင်တွင် ၅၀၅(က) ဖြင့် ထိန်းသိမ်းထားသော အကျဉ်းသားတစ်ဦး သေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြအကျဉ်းထောင်တွင် အိမ်ငှားများ ဖောက်ခွဲရေးလုပ်သည်ဆိုသောသံသယဖြင့် ဖမ်းဆီးထားသည့် အကျဥ်းသား တစ်ဦး သေဆုံးသွားသည်။

ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံထားရသည့် အသက် ၆၈ နှစ်ရှိ ဦးအင်ဟုတ်သည် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်က ထောင်အတွင်း၌ မူးလဲကျကာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။

ဦးအင်ဟုတ်သည် မြောင်းမြမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်း၏အိမ်ငှားများက ဖောက်ခွဲရေးလုပ်သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်များက ဇွန်လ ၃ ရက်နေ့က လာရောက်ရှာဖွေစဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သံသယဖြင့် အချိန်ကာလကြာမြင့်စွာ ချုပ်နှောင်ထားချိန်တွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။

အောက်တိုဘာ ၁၂ ရက်နေ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး (ငြိမ်း) ဦးတင်စောလည်း ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အချိန်အတွင်း ကွယ်လွန်ခဲ့သည်။

မြောင်းမြအကျဉ်းထောင်တွင် စစ်တပ်၏အာဏာသိမ်းမှုကို ဆန့်ကျင်ရေးလှုပ်ရှားသူများနှင့် CDM ဝန်ထမ်းများအပါအဝင် နိုင်ငံရေးအကျဥ်းသား ၆၀ နီးပါးကို ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...