မတ္တရာမှ ရွာသားသုံးဦး PDF ဟုစွပ်စွဲပြီး ဖမ်းဆီးခံရ

မတ္တရာမှ ရွာသားသုံးဦး PDF ဟုစွပ်စွဲပြီး ဖမ်းဆီးခံရ

မန္တလေးတိုင်း မတ္တရာမြို့နယ်မှ ရွာသားသုံးဦးကို PDF ဟုစွပ်စွဲပြီး စစ်ကောင်စီက အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးသွား သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် အမျိုးသား ၃ ဦးမှာ ကင်းရွာက ကိုထွန်းထွန်း၊ ကိုအားနိုးနှင့် ကိုစိုးသူအောင်တို့ ဖြစ်ကြသည်။

မတ္တရာမြို့အရှေ့ပိုင်း ကျေးရွာများဖြစ်သည့် ဇီးဖြူပင်၊ တောင်နီ၊ တောင်ခေါင်း၊ ကင်းရွာကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့များ ဝင်မွှေစဉ် အသက် ၂၃ နှစ် အရွယ် မူယစ်ဆေးသုံးသူ လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်စစ်ကြောပြီးနောက် ယခုကဲ့သို့ အခြားအမျိုးသား ၃ ဦး ထပ်မံဖမ်းဆီးခံရခြင်း ဖြစ်သည်။  

“သူတို့က တခုခုဖြစ်ရင် အရင်ဖမ်းပြလိုက်တယ်။ ပြီးတော့မှ ငွေယူပြီး ပြန်လွတ်ပေးတယ်။ အပေါ်ကလည်း ကိုယ်ထူကိုယ်ထ ကိုယ်ဟာကို ရှာစားရတာယူလို့ ပြောထားပုံရတယ်“ ဟု ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးက ပြောသည်။

အဆိုပါ ရွာသား ၃ ဦးကို လာရောက်ဖမ်းဖမ်းဆီးစဉ် စစ်သား ၂၅ ယောက်ခန့်ပါဝင်ပြီး ယခုခါ မန္တလေးနန်းတွင်းသို့ ခေါ်ဆောင်သွားပြီဟု သိရသည်။

ယခုနောက်ပိုင်း ဗုံးကွဲမှုများ၊ ဒလန်သုတ်သင်မှုများ၊ မိုင်တဲဖုန်းတာဝါတိုင်ဖောက်ခွဲဖျက်ဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် အောက်ခြေ စစ်ကောင်စီတပ်သားများ အထက်အရာရှိ၊ အာဏာရှိသူများ၏ ဖိအားကို ရှောင်လွဲရန် နီးစပ်ရာပြည်သူများကို အဖမ်းပြနေရသည့်ပုံစံများလည်း ရှိနေသည်ဟု အထက်ပါ ၈၈ မျိုးဆက်ကျောင်းသားက ပြောသည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...