စစ်တပ်ထောက်ခံပွဲလာသူများအား ဒေသခံလူထုက သံပုံးတီးနှင်ထုတ်

စစ်တပ်ထောက်ခံပွဲလာသူများအား ဒေသခံလူထုက သံပုံးတီးနှင်ထုတ်

စစ်တပ်ထောက်ခံပွဲလာသည့် ယာဉ်တန်းကို မကွေးတိုင်းဒေသကြီး အောင်လံမြို့နေ ဒေသပြည်သူများက သံပုံးတီး၍ နှင်ထုတ်ခဲ့ကြသည်။

အောက်တိုဘာလ ၂၅ ရက်နေ့က တပ်မတော်ထောက်ခံပွဲပြုလုပ်ရန် အတွက် အောင်လံမြို့နယ် အားကစားကွင်း သို့ ထော်လာဂျီများ၊ ကားများဖြင့် ပြည်-အောင်လံ လမ်းမအတိုင်း ချီတက်လာစဉ် မြို့နေ ဒေသခံပြည်သူများက အာဏာလု အကြမ်းဖက်စစ်တပ် အလိုမရှိကြောင်း သံပုံးတီး၍နှင်ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများက ပြောငည်။

အောင်လံမြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက "စစ်တပ်ထောက်ခံပွဲ လာလုပ်တာကလည်း လူဦးရေ နည်းနည်းပါဘဲ။ သူ့တို အသိုင်းအဝိုင်းထဲကသူတွေလောက်ပါပဲ တကယ်တန်း အာဏာသိမ်းစစ်ကောင်စီကို အလိုမရှိကြောင်း လူထုဆန္ဒထုတ်ဖော်ပွဲလုပ်ရရင် လမ်းမပေါ် ပြည့်သွားမယ်" ဟု ပြောသည်။

စစ်ကောင်စီကိုထောက်ခံသူများက တပ်မတော်ထောက်ခံပွဲခေါင်းစဉ်ဖြင့် မကွေးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် တပြိုင်တည်း ထောက်ခံပွဲတွေ လုပ်နေကြခြင်းသည် ပြည်သူ့တော်လှန်ရေး၏ ပုံရိပ်ကို ထိခိုက်စေရန်ရည်ရွယ်ပုံရသည်ဟု တော်လှန်ရေးအင်အားစု PDF အဖွဲ့ ၆ ဖွဲ့ထဲတွင်ပါသည့် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောသည်။

တပ်မတော် ထောက်ခံနေသူများ၏ အနီးပတ်ဝန်းကျင်ကို မသွားလာကြရန် မကွေးတိုင်းအခြေပြု PDF အင်အားစု အဖွဲ့ ၆ ဖွဲ့က သတိပေးစာ ထုတ်ပြန်ထားသည်။

PRA Magway၊ Pwintphyu PDF၊ ဗိဿနိုး PDF၊ Salin PDF၊  Magway PDF, No Chair Guerrilla အဖွဲ့ ၆ ဖွဲ့က မိဘပြည်သူများအနေဖြင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိစေရေး တပ်မတော်ထောက်ခံသူများ၏ အနီးဝန်းကျင်ကို သွားလာလှုပ်ရှားခြင်း မပြုလုပ်ကြရန် သတိပေး မေတ္တာရပ်ခံစာကို ထုတ်ပြန်ထားသည်။

မကွေးတိုင်းအတွင်း မကွေး၊ စလင်း၊ စေတုတ္တရာ၊ ငဖဲ၊ ကံမ၊ ဆင်ပေါင်ဝဲ၊ မင်းလှနှင့် အောင်လံမြို့တို့တွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြပြီး ထိုပွဲများသို့ တပ်ထောက်ခံသူ မိသားစုဝင်များ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့် စစ်ကောင်စီ၏ မိတ်ဖက်ပါတီအချို့က တက်ရောက်ခဲ့ကြသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...