ချမ်းမြသာစည်မြို့နယ်တွင် စစ်ကောင်စီခန့် အကွက်မှူး ပစ်ခတ်ခံရ

ချမ်းမြသာစည်မြို့နယ်တွင် စစ်ကောင်စီခန့် အကွက်မှူး ပစ်ခတ်ခံရ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် စစ်ကောင်စီကို အားပေးကူညီနေသည့် အကွက်မှူးတစ်ဦး ယနေ့‌ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်း ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က သေနတ်ဖြင့် သုံးချက်ပစ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

“မနက်စောစောစီးစီး သေနတ်သံတွေကြားရတော့ သေချာတယ် ဒီလူပစ်ခံရပြီလို့၊ သူကစစ်တပ်က ခန့်တဲ့လူကြီးပါ။ အကွက်မှူးပေါ့။ သေနတ်နဲ့ သုံးချက်တိတိ ပစ်သွားတာလို့ပြန်သိရတယ်။ ကျွန်တော်တို့ ထွက်ကြည့်တော့ ကားနဲ့သယ်သွားပြီ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသူမှာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အောင်ပင်လယ် ရပ်ကွက် ၁၀၅ လမ်းနှင့် ၁၀၆ လမ်းကြား၊ ၅၃ လမ်းနေ အသက် ၄၀ အရွယ် ဦးကျော်ကျော်ဆိုသူဖြစ်ပြီး၊ ၎င်းသည် စစ်ကောင်စီခန့် ရပ်ကွက်လူကြီးအဖြစ် စစ်ကောင်စီ အလိုကျဧည့်စာရင်းစစ်ခြင်း ၊ ဧည့်စာရင်းကိစ္စဖြင့် ငွေတောင်းခြင်းတို့ပြုလုပ်ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ဦးကျော်ကျော်သည် ၎င်း၏ နေအိမ်ရှေ့သို့ အထွက်တွင် အမည်မသိ သေနတ်သမား နှစ်ဦးက သေနတ်ဖြင့် သုံးချက်ပစ်ခတ်သွားရာ လက်ဝဲဘက် ရင်ညွန့်တွင် ပွင့်ထွက်ဒဏ်ရာတစ်ချက်၊ ဦးခေါင်းပိုင်းတွင် ပြတ်ရှဒဏ်ရာနှစ်ချက် ရသွားကြောင်း စုံစမ်းသိရှိရပြီး ၎င်း သေဆုံးခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ အတည် မပြုနိုင်သေးပေ။

လက်ရှိတွင် အောင်ပင်လယ်ရပ်ကွက် တစ်ခုလုံးအား စစ်ကောင်စီက ပိတ်ဆို့ရှာဖွေနေကြောင်းသိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ ရာအိမ်မှူး၊ ကွက်စိပ်မှူး ၊ ၊အကွက်မှူးဟူ၍ အဆင့်အဆင့် ဖွဲ့စည်းအုပ်ချုပ်ကြခြင်းဖြစ်သည်။

 
 

 

 

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...