မအူပင် ခရိုင်ရဲတပ်ဖွဲ့မှူး နေအိမ်ရှေ့ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်

မအူပင် ခရိုင်ရဲတပ်ဖွဲ့မှူး နေအိမ်ရှေ့ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်

ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူး၏ နေအိမ်ခြံရှေ့တွင် ၁၀ မိနစ်စီခြားပြီး ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့သည်။

မအူပင်မြို့၊ အမှတ် ၁ ရပ်ကွက်ရှိ မအူပင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးလွင်၏ နေအိမ်ခြံရှေ့တွင် အောက်တိုဘာလ ၂၄ ရက်နေ့ ညနေက ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

"နှစ်လုံးဆက်တိုက်ဆိုတော့ အသံက အတော်ကျယ်တယ်။ အထိအခိုက်တောာ့ မကြားမိဘူး။ စစ်ကောင်စီ တပ် ကတော့ ထုံးစံတိုင်း စစ်ဆေးတာ ဖမ်းတာလုပ်နေတယ်" ဟု ယင်းလမ်းအတွင်း နေထိုင်သူတစ်ဦးကပြောသည်။

အောက်တိုဘာလ ၂၄ ရက်နေ့၊ ညနေ ၆ နာရီ ၁၅ မိနစ်နှင့် ညနေ ၆ နာရီ ၂၅ မိနစ်တို့တွင် ဗုံး‌နှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မအူပင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ၊ ၎င်းတို့၏ ဒလန်များက အနိုင်ကျင့်ငွေညှစ်မှုရှိနေသည့်အပြင် အကြောင်းမဲ့ဖမ်းဆီးပြီး ပြည်သူများကို အနိုင်ကျင့်မှုများ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

မအူပင် မြို့ခံတစ်ဦးက "စစ်တပ်နဲ့ရဲက အနိုင်ကျင့်နေတာ တော်တော်ဆိုးတယ်။ ဧရာဝတီတိုင်းထဲမှာတော့ အဆိုးဆုံးပဲ။ ကုန်ထမ်းနေလို့ ဖိနပ်မစီးတာကို ဒဏ်ငွေရိုက်တဲ့မြို့ဆိုတာ မအူပင်မြို့ပဲရှိမယ်" ဟု ပြောသည်။

မအူပင်မြို့တွင် အောက်တိုဘာလအတွင်း ပေါက်ကွဲမှု ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ပေ။

သို့သော် အောက်တိုဘာလ ၂၂ ရက်နေ့က စစ်တပ်နှင့်ရဲအား သတင်းပေးဒလန်ဟု နာမည်ကြီးသူ ရာအိမ်မှူးတစ်ဦးကို မအူပင်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...