ကမ်းဇော်တောဧရိယာကို လူထုပိုင် သစ်တောအဖြစ် ထိန်းသိမ်းခွင့်ရ

ကမ်းဇော်တောဧရိယာကို လူထုပိုင် သစ်တောအဖြစ် ထိန်းသိမ်းခွင့်ရ

မြိတ်ခရိုင်အတွင်း ဆေးဘက်ဝင် ကမ်းဇော်တောအား လူထုသစ်တော (Community Forest) အဖြစ် ဒေသခံပြည်သူများ စုပေါင်းပိုင်ဆိုင် ထိန်းသိမ်းခွင့်ရရှိသည်ဟု ဒေသခံများက ပြေသည်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ မော်ခေါင်းတုံးကျေးရွာ ဧရိယာအတွင်းရှိ သဘာဝအလျောက် အလေ့ကျ ကမ်းဇော်ပင်များ ပေါက်ရောက်နေသည့် သစ်တော ၃၉၅ ဧက ကို ပြီးခဲ့သည့် ၅ နှစ်ကျော်က ထိန်းသိမ်းခွင့် လျှောက်ထားတင်ပြထားခဲ့ခြင်းဖြစ်သည်ဟု ကမ်းဇော်တော ထိန်းသိမ်းရေး ကော်မတီအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကမ်းဇော်တော ထိန်းသိမ်းရေး ကော်မတီအဖွဲ့ အတွင်းရေးမှူး ကိုရဲထွဋ်က “ရာသီပေါ် အစေ့ ကောက်ချိန်မှာ အနီး အနားရွာတွေကလည်း လာရောက်ကောက်ယူနိုင်ပါတယ်။ တခြားမြို့ နယ်တွေက နယ်ကျော်ပြီး သီးသန့်လာ ကောက်ရင်တော့ ခွင့်မပြုဘူး” ဟု ပြောသည်။

ကမ်းဇော်အစေ့မှ ကြိတ်၍ထုတ်ယူသည့် ကမ်းဇော်ဆီသည် ကင်ဆာအပါအဝင် အနာရောဂါအမျိုးမျိုး ကို ဆေး ဖက်ဝင် ပျောက်ကင်းစေသည်ဟု ဒေသခံများက ယုံကြည်ကာ ပရဆေးအဖြစ် ထုတ်လုပ်သုံးစွဲ ရောင်းချလေ့ရှိ ကြသည်။

အစုအဖွဲ့ပိုင်သစ်တော Community Forest ဆိုသည်မှာ ဒေသခံပြည်သူများပါဝင် လုပ်ကိုင်ခွင့်ရရှိပြီး ထွက်ရှိလာ သည့် သစ်တောထွက်ပစ္စည်းများကို စည်းကမ်းတကျ ထုတ်ယူသုံးစွဲ ထိန်းသိမ်းစေသည့် စနစ်တစ်ခုဖြစ်သည်။

ကမ်းဇော်တော ရေရှည်တည်တံ့ရေးအတွက် ရည်ရွယ်ကာ ဒေသခံရွာသားများက စုပေါင်း၍ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် (CF) သစ်တော အဖြစ် ထိန်းသိမ်းခွင့်လျှောက်ထားရခြင်း ဖြစ်သည်ဟု ကိုရဲထွဋ် က ပြောသည်။

အပင်ကြီးမျိုးဖြစ်သည့် ကမ်းဇော်ပင်သည် မိုးဦးရာသီတွင် အသီးများ စတင်သီးလေ့ရှိပြီး အသီးရင့်မှည့် ကြွေကျ ချိန်တွင် အစေ့ထုတ်ယူကာ အစေ့အတိုင်းသော်လည်းကောင်း အဆီထုတ်ပြီးမှသော်လည်းကောင်း ရောင်းချ လေ့ ရှိကြသည်။

အခြားကျေးရွာများမှ လာရောက်ကောက်ယူသူ အချို့က ကြွေကျနေသည့် အသီးများကို ကောက်ယူကြသည့် အပြင် အပင်ပေါ် ထိတက်ကာ အကိုင်းလိုက်ခုတ်ဖြတ်ခြင်း၊ ပင်စည် အရင်းမှ ခုတ်လှဲခြင်းများလည်းရှိနေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ကမ်းဇော်တောအတွင်း အကြီးဆုံးဟု ယူဆရသော ကမ်းဇော်ပင်၏ ပင်စည်လုံးပတ်သည် ၁၂ ပေ ခန့်ရှိ သည်ဟု သိရသည်။

ကမ်းဇော်စေ့ နို့စည်ဘူး တစ်ဘူးလျှင် နှစ်စဉ် ဒေသပေါက်ဈေး ၁၅၀၀ ကျပ် ဝန်းကျင်ရှိခဲ့ရာမှ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် တွင် ၂၅၀၀ ကျပ် အထိ ဈေးရခဲ့သည်ဟု ဒေသခံများက ပြောသည်။

 
 

 

 

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...