ဟုမ္မလင်းမြို့တွင် တစ်ရက်တည်း CDM ဆရာမတစ်ဦးအပါအဝင် နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

ဟုမ္မလင်းမြို့တွင် တစ်ရက်တည်း CDM ဆရာမတစ်ဦးအပါအဝင် နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

ဟုမ္မလင်းမြို့တွင် စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်း (၇) နာရီခန့်က CDM ဆရာမတစ်ဦးသည် ၎င်း၏ နေအိမ်အတွင်းရှိနေစဉ်တွင် အမည်မသိသေနတ်ကိုင်တချို့ ဝင်လာပြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“ဟုမ္မလင်းမြို့မစျေး အရှေ့ ဇော်နာရီပြင်ဆိုင်က မိန်းကလေးတစ်ဦးသေသွားတယ်။ သေနတ်ပစ်ခံရလို့ မနေ့ကညနေ ၇နာရီဝန်းကျင်မှာဖြစ်သွားတာ မိန်းကလေးက ဇော်နာရီပြင်ဆိုင် ဆိုင်ရှင်ရဲ့ ချွေးမ “ ဟု ဟုမ္မလင်းဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောသည်။

အောက်တိုဘာလ ၂၃ ရက် နေ့လည်ပိုင်းကလည်း နမ့်တောကျေးရွာရှိ ကုန်မာဆိုင်တစ်ခုရှေ့တွင်လည်း ဟုမ္မလင်းမှ နမ့်တောတွင် ကားသွားပြင်သူ ကိုမော့ကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူ တစ်စုက ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်းသိရသည်။

“သူဖုန်းပြောနေတဲ့အချိန် ပစ်သွားတာ၊ ကုန်မာဆိုင်ရှေ့မှာ၊ သူက နမ့်တောမှာ သူတို့ နာရေးကားလာပြင်တာ၊ နောင်ပူအောင်မှာ ပြင်မှာ မကောင်းလို့ဆိုပြီး နမ့်တောကို ဆင်းလာပြင်တာ” ဟု နမ့်တော ဒေသခံတစ်ဦးက ပြောသည်။

ကိုမော့စ်ကို တစ်ဖက်ကလည်း ဗျူစောထီးအဖွဲ့ဟုလည်း ပြောဆိုမှုများရှိသည်။

သေဆုံးသွားသည့် CDM ဆရာမ မမေနှင်းအေး၏ သေဆုံးမှုသည် ကိုမော့စ်သေဆုံးမှုအတွက် လက်တုန့်ပြန်မှုဖြစ်နိုင်ကြောင်း ဒေသခံများကြားတွင် ပြောဆိုမှုများရှိနေကြသည်။

ဆရာမ မမေနှင်းအေးသည် ဗျူစောထီးတို့ ထုတ်ပြန်ထားသည့် ပစ်မှတ်စာရင်းတွင်ပါသည့် ဟုမ္မလင်းမြို့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်ဝင်းစိန်၏ မရီးလည်းဖြစ်သည်။

ဟုမ္မလင်း တန်ပြန်အကြမ်းဖက်နိမ်နင်းရေး လူမှုကွန်ရက်စာမျက်နှာကလည်း ဆရာမ မမေနှင်းသေဆုံးပြီး ၁ နာရီအကြာတွင် လက်တုန့်ပြန်မှုဟု ယူဆရသည့် ပိုစ့်တစ်ခုကို ရေးသားခဲ့သည်။

ဟုမ္မလင်းမြို့တွင် ဒေသခံ ပျောက်ကျားတပ်ဖွဲ့နှင့် ဗျူစောထီးအဖွဲ့က ၎င်းတို့နှစ်ဖက် သတိပေးပစ်မှတ်ထားသည့် လူနာမည်စာရင်းများကို ဇွန်လ ကတည်းက အပြန်အလှည်ထုတ်ထားခဲ့ကြသည်။

 
 

 

 

၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...