ကန်ကြီးထောင့်တွင် ဒုတိယမြောက် Mytel တာဝါတိုင် မိုင်းခွဲခံရ

ကန်ကြီးထောင့်တွင် ဒုတိယမြောက် Mytel တာဝါတိုင် မိုင်းခွဲခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်း နှစ်ပတ်အတွင်း ဒုတိယမြောက် Mytel ဖုန်းတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရသည်ဟု ဒေသခံများက ပြောသည်။

ချောင်းကန့်လန်ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် အောက်တိုဘာလ ၂၃ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က မိုင်းခွဲဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။  

"လူထိခိုက်တာမျိုးတော့ မရှိဘူး။ စစ်တပ်က ရွာထဲကို လူစိမ်းအဝင်/အထွက်ရှိလား ဧည့်သည် ရှိ/မရှိ လာစစ်ဆေးတယ်" ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၂ ရက်နေ့က အစုကြီးကျေးရွာရှိ မိုင်တဲဖုန်းတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံခဲ့ရသေးသည်။

ယခုမိုင်းခွဲရာတွင် ပေါက်ကွဲမှုကြောင့် ဖုန်းတာဝါတိုင်အောက်ခြေရှိ ထရန်ဖော်မာစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ဝါယာကြိုးများ ပျက်စီးသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ရုံး တာဝန်ရှိသူများထံမှ သိရသည်။

Mytel ဖုန်းတာဝါတိုင်များ ဗုံးခွဲဖျက်ဆီးခံနေရသဖြင့် တာဝါတိုင် ထိမ်းသိမ်းရေးဝန်ထမ်းများအား ထိခိုက်မည်ကို စိုးရိမ်ရကြောင်း Mytel ဖုန်း ဆက်သွယ်ရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုပျက်စီးသည့် ပစ္စည်းများ၏ ကာလတန်ဘိုးမှာ ကျပ်သိန်း ၁၀၀၀ ဝန်းကျင်ခန့် ရှိနိုင်သည်ဟု ပုသိမ်မြို့အခြေစိုက် Mytel ဖုန်းဆက်သွယ်ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့၏ ပုသိမ်ခရိုင်တပ်ဖွဲ့က ယင်းဖောက်ခွဲမှုကို ပြည်သူများ တစ်စုံတစ်ရာ မထိခိုက်စေ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

ဧရာဝတီတိုင်းတွင် စက်တင်ဘာလမှစတင်၍ ဘိုကလေး၊ မအူပင်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ပုသိမ်၊ ကန်ကြီးထောင့်နှင့် ဖျာပုံမြို့နယ်များ အပါအဝင် အခြားသောမြို့နယ်များရှိ Mytel ဖုန်းတာဝါတိုင် ၁၀ တိုင် မိုင်းခွဲမီးရှို့ ဖျက်ဆီးခံထားရပြီဖြစ်သည်။

သို့သော် ကျိုက်လတ်မြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင်များ ဗုံးထောင်ဖောက်ခွဲ ဖျက်ဆီးမှုများသည် အောင်မြင်မှုမရှိခဲ့ဘူးဟု ကျိုက်လတ်နှင့် မော်လမြိုင်ကျွန်းမြို့က ဒေသခံများက ပြောသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...