မတ္တရာတွင် စစ်ကောင်စီတပ်ဖွဲ့များ ငွေလုယက်

မတ္တရာတွင် စစ်ကောင်စီတပ်ဖွဲ့များ ငွေလုယက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်ဆည်လေးကျေးရွာ မြောက်ဘက် ပန်းသလဲတောင်အနီးတွင် ထုံးဖုတ်လုပ်ငန်း လုပ်ကိုင်နေသူ ဦးလှမြင့်၏တဲသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်လာကာ ငွေသုံးသိန်းခွဲကို လုယက်သွားသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် ဆိုင်ကယ် ၈ စီး၊ အိမ်စီးကားတစ်စီးဖြင့် ပျူစောထီးအဖွဲ့နှင့်အတူ စစ်သား အယောက် ၂၀ ခန့်က ဦးလှမြင့်၏တဲသို့ ဝင်ရောက်ရှာဖွေကာ ဦးလှမြင့်နှင့်သားတို့ကို ရိုက်နှက်၍ နွားရောင်းရငွေ သုံးသိန်းခွဲယူသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“PDF တွေနဲ့ အဆက်သွယ်ရှိလား သိလားမေးပြီး သူသား တရုတ်ကြီးကိုလည်း ရိုက်ပြီး မျက်နှာကို ဆေးလိပ်မီးနဲ့ တို့သွားတယ်” ဟု ကျောက်ဆည်လေးကျေးရွာက အသက် ၄၀ ခန့်အရွယ်ရှိသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ မဝင်ရောက်ခင်ကလည်း ဦးလှမြင့်အိမ်သို့ ခြိမ်းခြောက်စာများ ချဖူးသည်များလည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယခု လာရောက်လုယက်သူများသည် စက်တင်ဘာလတုန်းက သဖန်းကိုင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည် စစ်သားများဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။

PDF များနှင့် အဆက်သွယ်ရှိသည်ဟုဆိုကာ မတ္တရာမြို့အရှေ့ပိုင်းက ကျေးရွာများကိုလည်း စစ်ကောင်စီမှ အငြိုးထားခြိမ်းခြောက်မှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက ယနေ့အချိန်ထိ ၈ လာကျော်ကာလအတွင်း မြို့ပြ/ကျေးလက်များ အားလုံးတွင် တရားဥပဒေမဲ့လုပ်ရပ်များကို လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏လက်အောက်ခံ ပျူးစောထီးအဖွဲ့များက ကျူးလွန်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

 
 

 

 

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...