မုံးကိုးမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက်ဖြစ်ပွား

မုံးကိုးမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက်ဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုး မြို့နယ်ခွဲမှာ ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၇ နာရီခွဲခန့်ကစတင်ပြီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"ဒီမနက် ၇ နာရီခွဲခန့်ကစ ပြန်စပစ်‌နေပြီ။ ခုထိ ပစ်နေတုန်းပဲ။ လက်နက်ကြီးရော လက်နက်သေးရော။ နေ့တိုင်းပစ်တဲ့နေရာမှာပဲ။" လို့ မုံးကိုး ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ဒေသခံတွေ စပါးရိတ်သိမ်းချိန် အခက်ကြုံနေရပြီး ပုံမှန် လူအင်အား ၅ ယောက်လောက်နဲ့ လုပ်ရမယ့်အလုပ်ကို အယောက် ၂၀ လောက် လူအင်အားသုံးပြီး နာရီပိုင်းအတွင်းပြီးစီးအောင် လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယခုလဆန်းပိုင်းကစတင်ပြီး မူဆယ်ခရိုင်အတွင်းမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားတာလည်းရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့တိုက်ပွဲကြောင့် ပန်ဆိုင်းမြို့ အရပ်သားပြည်သူ ၃ ဦး ကျည်ထိသေဆုံးပြီး နေအိမ်အချို့ ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ဖောင်းဆိုင်ဘက်တိုက်ပွဲကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရပြီး နေအိမ်အချို့မှာ လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၁၉ ရက်နေ့ ဖောင်းဆိုင်တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိပြီး စစ်ကောင်စီ၏ လက်နက်အများအပြား ကိုးကန့် MNDAA က သိမ်းဆီးရမိကြောင်းနဲ့ စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်ခဲကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...