မုံးကိုးမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက်ဖြစ်ပွား

မုံးကိုးမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက်ဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုး မြို့နယ်ခွဲမှာ ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၇ နာရီခွဲခန့်ကစတင်ပြီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"ဒီမနက် ၇ နာရီခွဲခန့်ကစ ပြန်စပစ်‌နေပြီ။ ခုထိ ပစ်နေတုန်းပဲ။ လက်နက်ကြီးရော လက်နက်သေးရော။ နေ့တိုင်းပစ်တဲ့နေရာမှာပဲ။" လို့ မုံးကိုး ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ဒေသခံတွေ စပါးရိတ်သိမ်းချိန် အခက်ကြုံနေရပြီး ပုံမှန် လူအင်အား ၅ ယောက်လောက်နဲ့ လုပ်ရမယ့်အလုပ်ကို အယောက် ၂၀ လောက် လူအင်အားသုံးပြီး နာရီပိုင်းအတွင်းပြီးစီးအောင် လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယခုလဆန်းပိုင်းကစတင်ပြီး မူဆယ်ခရိုင်အတွင်းမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားတာလည်းရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့တိုက်ပွဲကြောင့် ပန်ဆိုင်းမြို့ အရပ်သားပြည်သူ ၃ ဦး ကျည်ထိသေဆုံးပြီး နေအိမ်အချို့ ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ဖောင်းဆိုင်ဘက်တိုက်ပွဲကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရပြီး နေအိမ်အချို့မှာ လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၁၉ ရက်နေ့ ဖောင်းဆိုင်တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိပြီး စစ်ကောင်စီ၏ လက်နက်အများအပြား ကိုးကန့် MNDAA က သိမ်းဆီးရမိကြောင်းနဲ့ စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်ခဲကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။

Most read this week

မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...