သတင်းပေးမူကြောင့် အရာတော် သစ်ကျင်းကြီးကျေးရွာ နေအိမ် ၅ လုံးကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

သတင်းပေးမူကြောင့် အရာတော် သစ်ကျင်းကြီးကျေးရွာ နေအိမ် ၅ လုံးကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာတွင် အောက်တိုဘာ ၂၀ ရက်ညက NLD အစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်း‌နေအိမ်အပါအဝင် နေအိမ် ၅ လုံးကို စစ်ကောင်စီက မီးရှို့ပြီး ရွာသားတစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

"သတင်းပေးတဲ့သူရှိလို့ စစ်တပ်က မနေ့ည ၁၂ နာရီလောက်မှာ ရွာထဲလာသောင်းကြမ်းတာ အရင်အုပ်ချုပ်ရေးမှူးဟောင်းအိမ်နဲ့ ဘေးကပ်ရပ်က သူ့ညီမအိမ် ပြီးတော့ ‌တစ်ခြားအိမ် စုစုပေါင်း ၅ အိမ် မီးလာရှို့သွားတာတဲ့" ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် နေအိမ်များကိုမီးရှို့နေသည့်အချိန် စစ်ကောင်စီကကျေးရွာအတွင်း တွေ့သည့်လူများကိုဖမ်းကာ ထိုင်ခိုင်းထားရာမှ ထွက်ပြေးသွားသူတစ်ဦးကို သေနတ်ဖြင့်လှမ်းပစ်ကာ ရိုက်နှက်တုပ်နှောင်ဖမ်းဆီးသွားကြောင်း အထက်ပါဒေသခံထံမှ သိရသည်။

"သူတို့က တွေ့တဲ့သူတွေကို ‌ထိုင်ခိုင်းထားတာပေါ့နော်၊ အဲမှာ ရွာလူကြီးတစ်ယောက်က ထပြေးလို့ သေနတ်ပစ်ခတ်ပြီး ပြန်ဖမ်းသွားတယ်လို့ သိရတယ် ဖမ်းဆီးခံရတဲ့သူက ပြန်မလွှတ်လာသေးဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

သစ်ကျင်းကြီးကျေးရွာအား လာရောက်မီးရှို့သည် စစ်ကောင်စီတပ်သည် အရာတော်မြို့နယ်အနီးရှိ မတ-၃၉၆ (၃၆၉ အမြှောက်တပ်ရင်း၊ အရပ်ခေါ် သစ်ကျင်းကြီးတပ်) ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ ကျေးရွာများတွင် လူနေအိမ်ဖျက်စီးမူများ ဆက်လက်လုပ်ဆောင်လာနေကြောင်း နီးစပ်သူများက ပြောသည်။

အရာတော်မြို့နယ်သည် စက်တင်ဘာလ ၂၃ ရက်နေ့မှစကာ အင်တာနက်လိုင်းဖြတ်ခံထားရပြီး အချို့ကျေးရွာများတွင် ဖုန်းလိုင်းများလည်း ဖြတ်ခံထားရဆဲဖြစ်သည်။

Most read this week

ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...