မိုးမောက်မြို့နယ် စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့မှ ဖမ်းဆီးသွား

မိုးမောက်မြို့နယ် စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့မှ ဖမ်းဆီးသွား

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တာဝန်ကျသည့် ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးနှင့် ၎င်းယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့တစ်ဖွဲ့မှ အောက်တိုဘာလ ၂၀ ရက်ညနေပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသခံများမှ သိရသည်။

"မနေ့ညနေ ၆ နာရီလောက်မှာထင်တယ် သူတို့နေတဲ့အိမ်ကနေ သေနတ်ထောက်ပြီး လာဖမ်းသွားတာ သူ့ယောက်ဖလည်းပါသွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် တပ်ကြပ်ကြီးတင့်ဆွေဦးသည် မိုးမောက်မြို့ ခါနန်ရပ်ကွက်တွင် အိမ်ငှားနေထိုင်ကြောင်းလည်း သိရသည်။

မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ ဖမ်းဆီးခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကာ လက်ရှိချိန်ထိ မည်သည့်အဖွဲ့စည်းမှ ဖမ်းဆီးသွားကြောင်း မသိရသေးပေ။

မိုးမောက်မြို့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်လိုင်ဇာသွားလမ်းနှင့် အရှေ့ဘက် လွယ်ဂျယ် မိုင်ဂျာယန်သွားသော လမ်းဆုံတွင်တည်ရှိပြီး ပြီးခဲ့သောရက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းကို KIA က မိုင်းခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

 
 

 

 

Most read this week

ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...