မိုးမောက်မြို့နယ် စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့မှ ဖမ်းဆီးသွား

မိုးမောက်မြို့နယ် စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့မှ ဖမ်းဆီးသွား

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တာဝန်ကျသည့် ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးနှင့် ၎င်းယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့တစ်ဖွဲ့မှ အောက်တိုဘာလ ၂၀ ရက်ညနေပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသခံများမှ သိရသည်။

"မနေ့ညနေ ၆ နာရီလောက်မှာထင်တယ် သူတို့နေတဲ့အိမ်ကနေ သေနတ်ထောက်ပြီး လာဖမ်းသွားတာ သူ့ယောက်ဖလည်းပါသွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် တပ်ကြပ်ကြီးတင့်ဆွေဦးသည် မိုးမောက်မြို့ ခါနန်ရပ်ကွက်တွင် အိမ်ငှားနေထိုင်ကြောင်းလည်း သိရသည်။

မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ ဖမ်းဆီးခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကာ လက်ရှိချိန်ထိ မည်သည့်အဖွဲ့စည်းမှ ဖမ်းဆီးသွားကြောင်း မသိရသေးပေ။

မိုးမောက်မြို့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်လိုင်ဇာသွားလမ်းနှင့် အရှေ့ဘက် လွယ်ဂျယ် မိုင်ဂျာယန်သွားသော လမ်းဆုံတွင်တည်ရှိပြီး ပြီးခဲ့သောရက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းကို KIA က မိုင်းခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...