တိုက်ကြီးမြို့က စစ်မှုထမ်းဟောင်း၏ ဇနီးနှင့်သား သေနတ်ဖြင့် ပစ်ခတ်ခံရ

တိုက်ကြီးမြို့က စစ်မှုထမ်းဟောင်း၏ ဇနီးနှင့်သား သေနတ်ဖြင့် ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ် (၂) ရပ်ကွက် ဗန္ဓုလလမ်းတွင် နေထိုင်သူ စစ်မှုထမ်းဟောင်း ဦးစန်းဖေ၏နေအိမ်သို့ ဆိုင်ကယ်စီးလူနှစ်ဦး ရောက်လာပြီး ၎င်း၏ ဇနီးနှင့်သားအား သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း ပေါက်ကြားလာသည့် စစ်ကောင်စီတပ်၏ လုံခြုံရေးအစီရင်ခံစာမှ သိရသည်။

အဆိုပါပစ်ခတ်မှုသည် အောက်တိုဘာ ၂၀ ရက် ည ၈ နာရီ မိနစ် ၃၀ အချိန်တွင် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သည့်အဖွဲ့ကိုမူ မသိရသေးဘဲ ပစ်ခတ်ခံရသူနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။

ဦးစန်းဖေ၏ ဇနီးမှာ လက်မောင်းရှပ်ထိဒဏ်ရာ နှစ်ချက်၊ ပါးရှပ်ထိဒဏ်ရာတစ်ချက်နှင့် သားဖြစ်သူမှာ ယာလက်ဖျံ ရှပ်ထိဒဏ်ရာ နှစ်ချက်နှင့် ရင်အုံရှပ်ထိ ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း ကနဦးသတင်း တင်ပြအပ်ပါသည်ဟု အဆိုပါအစီရင်ခံစာတွင် ရေးသားထားသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးအား အဖျောက်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားသည့်နေရာတွင် ကျည်ဆန်ခွံ ရှစ်ခု၊ ကျည်တောင့် တစ်ထောင့် တွေ့ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...