အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရဘူးလို့ လွတ်မြောက်လာသူတွေပြော

အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရဘူးလို့ လွတ်မြောက်လာသူတွေပြော

မွန်ပြည်နယ်အတွင်းမှာ ဗဟိုအကျဉ်းထောင်၊ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ ကုန်ထုတ်စခန်းပေါင်း ၁၀ ခုရှိပြီး အဲဒီထဲမှာတော့ အကျဉ်းသူ၊အကျဉ်းသားနဲ့ အချုပ်သူ၊ အချုပ်သား ၃၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။

အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံရသူတွေနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ မရကြသလို သောက်ရေကအစ အခက်အခဲရှိနေတယ်လို့ ပြန်လည် လွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ ဆေးကုသမှုအခွင့်အရေး အပြည့်အဝ မရခဲ့ကြဘူး။ ဒီအတွက် တင်ပြခဲ့ပေးမယ့်လည်း သူတို့ဘက်က မလုပ်ပေးခဲ့တာတွေရှိတယ်။ ဆေးတွေပေးတယ်ဆိုတာကလည်း ဟန်ပြပဲ။ ကိုဗစ်အတွက် ဆေးပေးတယ်ဆိုတာကလည်း စီဗစ် (cevit) တစ်လုံးပဲပေးတာ။ ပန်းနာရင်ကျပ်သမား ရောဂါဖောက်လို့ ဆေးကုပေးဖို့ပြောတာ (၂) နာရီလောက်ကြာအောင် ဘာမှမလုပ်ပေးလို့ ထောင်ဆူတဲ့ပုံစံမျိုး ကျွန်တော်တို့ လုပ်ခဲ့ရတယ်” လို့ ကျိုက်မရောအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။

အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုရဖို့အတွက် ထောင်အတွင်းဆူပူမှုတွေ လုပ်ဆောင်ခဲ့ရသလို ထောင်ထဲမှာလည်း လုံလောက်တဲ့ ဆေးဝါးတွေ မရှိနေဘူးလို့ ပြန်လည်လွတ်မြောက်လာသူတွေက ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းထောင်ထဲမှာ ကိုဗစ်ကူးစက်ခံရရင် ကုသဖို့ Cevit ဆေးတစ်လုံးစီသာရတာကြောင့် ရောဂါကုသဖို့ ကိုယ်နည်းကိုယ်ဟန်နဲ့ စီစဉ်ကြရတယ်လို့ ပြောပါတယ်။

မွန်ပြည်နယ် အကျဉ်းဦးစီးဌာနကတော့ အကျဉ်းသူ၊အကျဉ်းသားတွေကို ကျန်းမာရေး အပြည့်အဝ စောင့်ရှောက်မှုပေးနိုင်ဖို့အတွက် ပြင်ဆင်ထားသလို လိုအပ်မယ့် ဆေးဝါးတွေကိုလည်း စုဆောင်းထားတယ်လို့ ချေပပြောဆိုထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...