KNLA ရဲ့ပစ်ခတ်မှုကြောင့် ဘီးလင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

KNLA ရဲ့ပစ်ခတ်မှုကြောင့် ဘီးလင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာနှင့် အစူးချောင်းကျေးရွာကြားရှိ စစ်ကောင်စီဂိတ်ကို အောက်တိုဘာလ ၁၈ ရက်နေ့ နေ့လည်ပိုင်းမှာ KNLA ဘက်က သွားရောက်ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နေ့လည် ၁၂ နာရီလောက်မှာ အမှတ် (၄၀၃) ဂိတ်စခန်းကို KNLA တပ်မဟာ (၁)၊ တပ်ရင်း (၃) က သွားရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

"အရင်ကတော့ အဲဒီနေရာက KNU ဂိတ်နေရာပေါ့။ နောက်ပိုင်း သူတို့ဘက်က နေရာလာဝင်ယူသွားတယ်။ သူတို့ဘက်က ဒေသခံတွေကို ခြောက်လန့်ပစ်ခတ်တာတွေလုပ်နေလို့ KNU ဘက်က သွားပစ်ခတ်မှုဖြစ်တာ ဟုတ်တယ်။ သူတို့ဘက်ကတော့ တစ်ဦးသေတယ်။ သူတို့ဘက်က နယ်မြေကျော်လှုပ်ရှားတာတွေကြောင့် ဒီဘက်က ပစ်ခတ်တာတွေရှိသလို၊ စစ်ရေးလှုပ်ရှားမှုအနေထားအရ ဒီဘက်ကနေ လှုပ်ရှားပစ်ခတ်ရတာတွေလည်းရှိတယ်" လို့ KNLA တပ်မ (၁) ဘက်က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် KNLA ဘက်မှ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဘီးလင်းမြို့နယ်ထဲမှာ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေရှိလာတဲ့အတွက် KNLA တပ်မဟာ (၁) ဘက်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။

အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ဝင်းကံကျေးရွာနဲ့ကျောက်ရေတွင်းကျေးရွာအကြား ခရွဲလမ်းဝမှာလည်း စစ်ကောင်စီတပ်က အုတ်တင်လာတဲ့ကားကို KNLA တပ်မဟာ (၁) တပ်ရင်း (၃) ဘက်မှ ပစ်ခတ်တာကြောင့် စစ်ကောင်စီဘက်က ဒုဗိုလ်တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...