အာဏာလွှဲခြင်း ရုပ်သိမ်းကြောင်း အမိန့်စာအတု

အာဏာလွှဲခြင်း ရုပ်သိမ်းကြောင်း အမိန့်စာအတု

ယာယီသမ္မတ ဦးမြင့်ဆွေမှ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ထံ အာဏာလွှဲအပ်ခြင်း ပြန်လည်ရုတ်သိမ်းကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့စွဲတပ် အမိန့်စာ အတုထွက်ပေါ်လျက်ရှိသည်။

အာဏာသိမ်းတပ်က အင်အားဖြင့် ရှစ်လထိ အုပ်ချူပ်လာသည့်ကာလအတွင်း ပြည်သူများမှ ဆန္ဒပြ ကန့်ကွက်ခြင်း၊ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပွားလာစေခြင်း၊ လူမှုစီးပွားဘဝ ယိုယွင်း ပျက်စီးလာမှုနှင့်အတူ နိုင်ငံတော် ပြိုကွဲမည့် အလားအလာနှင့်ကြုံနေရခြင်းတို့ကြောင့် အမိန့် အမှတ် ၁/၂၀၂၁ အရ အပိုဒ် (၄) တွင်ပါရှိသည့် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခြင်းကို ရုတ်သိမ်းသည်ဟု အဆိုပါစာတွင် ပါရှိသည်။

ထို့အပြင် လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်ထံမှ နိုင်ငံတော် အာဏာကို ပြန်လည်ရုတ်သိမ်းပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည်သာ အတည်ဖြစ်ကြောင်းလည်း စာတွင် ရေးသားထားသည်။

သို့သော် အဆိုပါကြေညာချက်မျိုးကို စစ်ကောင်စီ၏ လက်အောက်ခံမီဒီယာများဖြစ်သည့် မြဝတီ၊ မြန်မာ့အသံတို့တွင် ကြေညာရမှာဖြစ်သော်လည်း ထွက်ပေါ်လာခြင်းမရှိသလို သမ္မတရုံးအမိန့်ကြော်ငြာစာနှင့်မတူသော ကွဲပြားမှုများကိုလည်း မဇ္ဈိမသတင်းဌာန၏ သတင်းမှား တိုက်ဖျက်ရေး အစီအစဉ်မှ အချက်အလက်စစ်ဆေးသူများက တွေ့ရှိရသည်။

ထုံးစံအရ နိုင်ငံတော် သမ္မတရုံး အမိန့်စာတိုင်း၏ နောက်ခံတွင် ရုံးတံဆိပ်လိုဂိုအား မြင်သာအောင် (transparent) လုပ်လေ့မရှိသော်လည်း ယခုစာတွင် နောက်ခံတွင် လိုဂိုအားမြင်သာအောင် (transparent) ပြုလုပ်ထားပါသည်။

ထို့အပြင် ထုံးစံအရ သမ္မတရုံးအမိန့်စာ၏ ပထမ စာမျက်နှာတွင် စာမျက်နှာ (၁) ဟု နံပါတ်တပ်လေ့မရှိသော်လည်း ယခုစာ၏ ပထမစာမျက်နှာတွင် နံပါတ် (၁) ဟု ရေးသားထားသည်။

ထို့ကြောင့် လူမှုကွန်ရက်တွင် အတန်အသင့်ပြန့်နှံ့နေသည့် ယာယီသမ္မတဦးမြင့်ဆွေက အာဏာလွှဲခြင်း ရုတ်သိမ်းကြောင်း အမိန့်စာသည် လုပ်ကြံဖန်တီးထားသည့် စာအတုဖြစ်ကြောင်း ပြောကြားလိုပါသည်။

 
 

 

 

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...