အာဆီယံထိပ်သီးညီလာခံကို မြန်မာစစ်ခေါင်းဆောင်များ တက်ရောက်ခွင့်မပြုသည့်အပေါ် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ကြိုဆို

အာဆီယံထိပ်သီးညီလာခံကို မြန်မာစစ်ခေါင်းဆောင်များ တက်ရောက်ခွင့်မပြုသည့်အပေါ် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ကြိုဆို

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ထိပ်သီးညီလာခံကို မြန်မာစစ်ခေါင်းဆောင်များကို တက်ရောက်ခွင့်မပြုကြောင်း အာဆီယံဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ယနေ့တွင် မဇ္ဈိမကို ပြောသည်။

"အာဆီယံလို ဒေသဆိုင်ရာ အသင်းအဖွဲ့တစ်ခုကနေ မြန်မာနိုင်ငံရဲ့ စစ်ကောင်စီကို သူတို့ရဲ့ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပြုဘူးဆိုတဲ့ အချက်ကတော့ အာဆီယံရဲ့ ရေမြေသဘောသဘာဝနဲ့ သူ့ရဲ့ရပ်တည်ချက်အရဆိုရင် တော်တော်ကြီး ပြင်းထန်တဲ့သော လုပ်ဆောင်မှု တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ ကြိုဆိုသင့်တဲ့ အရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံက သူ့ရဲ့နိုင်ငံတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ အကုန်လုံးကို ပြည်တွင်းရေးဖြစ်တယ်။ နောက်တစ်ခါ အာဆီယံက အဖွဲ့ဝင်နိုင်ငံတွေကို အကျိုးပြုသော ပုံစံမျိုးနဲ့ပဲ ဆက်ဆံမယ်ဆိုပြီးတော့ မူဝါဒချမှတ်ထားပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးစတင်ဖြစ်ပွားကတည်းက အာဆီယံခေါင်းဆောင်တွေကြားထဲမှာ ထုတ်ဖော်ပြောဆိုမှုတွေ ရှုတ်ချမှုတွေ ဖြစ်လာတယ်။ တစ်ချိန်တည်းမှာပဲ အာဆီယံအထူးသံတမန်ကိုလည်း စေလွှတ်ပြီးတော့ မြန်မာနိုင်ငံအရေးကို ဝင်ရောက်ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် စစ်ကောင်စီဘက်ကဒါနဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းခဲ့လို့ အခုလိုမျိုး သမိုင်းဝင်တဲ့ လုပ်ဆောင်မှု ဖြစ်ပေါ်လာတယ်လို့ ကျွန်တော်ယူဆပါတယ်။" ဟု ဦးအောင်မျိုးမင်းက ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိတရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုနေသည့် NUG ကို အာဆီယံအနေဖြင့် ယခုထက်ပိုမိုပြီး အသိအမှတ်ပြုကာ ပူးပေါင်းဆောင်ရွက်ဖို့နှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် မြန်မာပြည်သူလူထုအတွက် ယခုထက်ပိုမိုပြင်းထန်သော လုပ်ဆောင်မှုတွေကို မျှော်လင့်ကြောင်းလည်း ၎င်းကဆိုသည်။

ယခုလနှောင်းပိုင်းတွင်ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ထိပ်သီးညီလာခံကို မြန်မာစစ်ခေါင်းဆောင်များအား တက်ရောက်ခွင့်မပြုရန် အာဆီယံက ဆုံးဖြတ်လိုက်ကြောင်း ဂျပန်သတင်းဌာန NHK က ကြားဖြတ်သတင်းအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...