င်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းများမှ တရားမဝင် ပြန်ဝင်ရောက်လာသူ ၁၃ ဦးအား မောင်တောတွင်ဖမ်းမိ

င်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းများမှ တရားမဝင် ပြန်ဝင်ရောက်လာသူ ၁၃ ဦးအား မောင်တောတွင်ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများမှ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ တရားမဝင် ဝင်ရောက်လာသော မူဆလင် ၁၃ ဦးအား ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။



၎င်းတို့ကို ယမန်နေ့ အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် မောင်တောမြို့နယ်၊ ဇင်တူလာကျေးရွာ ဒီရေတောအနီးရှိ လယ်ကွင်းတွင် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။



ဖမ်းဆီးရမိသူများတွင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၃ ဦးဖြစ်သည်ဟု သိရသည်။



မောင်တောမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက “နယ်ခြားစောင့် ရဲတွေကဖမ်းတာပါ။ ပင်လယ်ဘက်ကလာရင် နယ်ခြားစောင့်ဘက်ကပဲ ဖမ်းဆီးပါတယ်” ဟု နိရဥ္စရာကိုပြောသည်။



၎င်းတို့သည် မောင်တောမြို့နယ်အတွင်းရှိ မြင်းလွတ်၊ ပန်းတောပြင်စသည့် ကျေးရွာများနှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဆင်သေပြင်၊ ဂုံးနားကျေးရွာတို့တွင် နေထိုင်ခဲ့ကြသူများဖြစ်သည်ဟု ဆိုသည်။



၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တွင်ဖြစ်ပွားခဲ့သည့်ပဋိပက္ခဖြစ်စဉ်နောက်ပိုင်း မိသားစုများနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ကူတူပါလောင် ဒုက္ခသည်စခန်းနှင့် နာယာပါရာဒုက္ခသည်စခန်းတို့အပါအဝင် ဒုက္ခသည်စခန်းအချို့တို့တွင်နေထိုင်ခဲ့သည်ဟု ပြောသည်။



နောက်ပိုင်းတွင် နေထိုင်စားသောက်ရေးအဆင်မပြေ၍ မြန်မာနိုင်ငံအတွင်းရှိ မိမိနေရပ်များတွင် ပြန်လည်နေထိုင်ကာ လုပ်ကိုင် စားသောက်ရန်အတွက် မောင်တောမြို့နယ် အဘူဂျာကျေးရွာ၏ အနောက်ဘက် နတ်မြစ်ကမ်းစပ်ရှိ နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ကာ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



လက်ရှိတွင် ၎င်းတို့ ၁၃ ဦးအား တရားမဝင်နယ်စပ်ဖြတ်ကျော်မှု လဝက အက်ဥပဒေပုဒ်မ-၁၃(၁) ဖြင့် အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 
 

 

 

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...