စစ်တွေမြို့ ပွိုင့်ကမ်းခြေမှ သဲထုတ်နေသူများအား အရေးယူသွားမည်ဟုဆို

စစ်တွေမြို့ ပွိုင့်ကမ်းခြေမှ သဲထုတ်နေသူများအား အရေးယူသွားမည်ဟုဆို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပွိုင့်ကမ်းခြေမှ သဲထုတ်နေသူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က DMG သို့ပြောသည်။

အများပြည်သူအပန်းဖြေနေကြသည့် စစ်တွေပွိုင့်ကမ်းခြေမှ သဲထုတ်ယူနေခြင်းများကို ပထမအဆင့်အနေဖြင့် ခံဝန်ထိုးခိုင်းခြင်းမှစ၍ အရေးယူမူအပိုင်းကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

“အမှန်တကယ်ကတော့ဗျ။ ကိုယ့်ကမ်းခြေလို သဘောထားတယ်ဆိုရင် အားလုံးကဝိုင်းထိန်းသိမ်းရကြမှာလေ။ အခုက သူတို့တွေက ထော်လာဂျီလေးတွေနဲ့၊ သုံးဘီးဆိုင်ကယ်တွေနဲ့ လာလာထုတ်နေတာတွေ့တယ်။ တစ်ဆင့်ပြီးတစ်ဆင့်ပေါ့ ပထမတော့ ခံဝန်ထိုးခိုင်းမယ်။ နောက်ပိုင်းတော့ အရေးယူတာတွေဘာတွေလုပ်ဖို့ရှိပါတယ်” ဟု ၎င်းကပြောသည်။

ကားကြီးများ၊ သုံးဘီးများဖြင့် စစ်တွေကမ်းခြေမှ သဲမတူးယူရန်ဗီနိုင်းများကပ်ပြီး မြို့နယ်စည်ပင်နှင့် မြို့နယ်ထွေအုပ်တို့ ပူးပေါင်းကာ စာကပ်ခြင်းများကိုလုပ်ဆောင်ခဲ့သည့်အတွက် သဲတူးယူမှုများနည်းပါးခဲ့သော်လည်း လက်ရှိတွင် အများအပြားသဲတူးယူမှုများ တွေ့ရှိလာရခြင်းဖြစ်သည်။

“ကမ်းခြေမှာတော့ စောစောကဗီနိုင်းတွေ ကပ်ထားတာမျိုးတွေရှိတယ်။ သဲမထုတ်ဖို့ပေ့ါ။ အဓိကကတော့ ကားကြီးတွေနဲ့ ထုတ်တာမဟုတ်ဘဲ သုံးဘီးတွေနဲ့ထုတ်နေတာတွေ မရှိအောင်အတွက်တော့ စာတွေတော့လိုက်ကပ်နေတာရှိပါတယ်။ စည်ပင်နဲ့ ပူးပေါင်းပြီးတော့ပေါ့။ အခုပြန်ထုတ်နေတာတွေရှိလာတော့ ပြန်လုပ်ရမှာပေ့ါဗျ” ဟု ၄င်းကဆိုသည်။

စစ်တွေဒေသခံ ကိုမျိုးမင်းသူက“များသောအားဖြင့် အခုက ကားကြီးတွေနဲ့ ထုတ်တာတော့မတွေ့ပါဘူး။ သုံးဘီးတွေနဲ့ တစ်စီးပြီး တစ်စီးလာထုတ်တာတွေ့ကို အပတ်တိုင်းလိုလိုတွေ့ရပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ စစ်တွေကမ်းခြေမှ သဲထုတ်လုပ်နေခြင်းမှာ ကမ်းခြေကို ပျက်စီးစေသည့်အပြင် ရေကူးသူများကို အန္တရာယ်ဖြစ်စေလာနိုင်သည့်အတွက် အပြင်းအထန်ရှုတ်ချကြောင်း ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့မှ ကိုမင်းဘာချေကပြောသည်။

“ကျနော်တို့မြင်တာက သဘာဝပတ်ဝန်ကျင်ကိုထိခိုက်တယ်။  ပျက်စီးတယ်။ အဲဒါကို ပထမဆုံးပြောချင်ပါတယ်။ ဒီသဲထုတ်လုပ်တာက ကမ်းခြေရဲ့ မညီမျှမှုတွေဖြစ်လာမယ်။ ရေပြင်ရဲ့စီးဆင်းမှုတွေ။ ပုံမှန်အားဖြင့် ကမ်းစပ်ကလှိုင်းတွေဘာတွေ တုတ်တဲ့အခါမှာ ပုံမှန်အနေအထားတစ်ခု ရေဆင်းတဲ့လူတွေရဲ့ လုံခြုံရေးကိစ္စတွေကို စိုးရိမ်စရာဖြစ်တယ်။ အခုလို သဲတွေထုတ်လာတော့ ကမ်းပါးတွေနိမ့်လာတယ်ဗျ။ ပုံမှန်အားဖြင့်မြေတွေနိမ့်လာရင် ခုနားကပြောသလို အန္တရာယ်ပိုဖြစ်လာမယ်။ အဲဒါကြောင့် ကျနော်တို့ အခုလိုသဲတွေထုတ်လုပ်နေတဲ့အပိုင်းကို ကျနော်တို့လက်မခံနိုင်ပါဘူး” ဟု ၎င်းကပြောသည်။

စစ်တွေကမ်းခြေတွင် လူသွားလူလာနည်းသည့်နေ့များတွင် သဲများကို ကျင်းကဲ့သို့တူးကာထုတ်ယူနေကြပြီး ညည့်အချိန်များတွင် တူးဖော်ထုတ်ယူမှုများ ရှိနေကြသည်။

 
 

 

 

Most read this week

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...