၃ နှစ်ခန့်ကြာ တရားရင်ဆိုင်နေကြရသည့် လက္ကာကျေးရွာသားအမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

၃ နှစ်ခန့်ကြာ တရားရင်ဆိုင်နေကြရသည့် လက္ကာကျေးရွာသားအမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

သံသယဖြင့်ဖမ်းဆီးခံရပြီး ၃ နှစ်ခန့်ကြာ တရားရင်ဆိုင်နေကြရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား (၂၀) ကျော်အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

လက္ကာကျေးရွာသား ၂၀ ကျော်ကို ယနေ့ (အောက်တိုဘာလ ၁၄ ရက်) တွင် ရုံးထုတ်စစ်ဆေးခဲ့ရာတွင် ရာကြီးအမှတ်-၆၀/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ အမှုတို့အတွက် တရားခံပြသက်သေနှစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအမှုအတွက် အပြီးသတ်လျှောက်လဲချက်ကြားနာရန်အတွက် အောက်တိုဘာ ၂၈ ရက်နေ့ကို တရားရုံးက ထပ်မံချိန်းဆိုလိုက်ကြောင်း မင်းထီး Law Firm အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။

“ဒီနေ့မှာ ရာကြီး ၆၀ အမှုမှာ တရားခံဘက်က သက်သေနှစ်ယောက်ပြထားတာကို စစ်ဆေးခဲ့တယ်ပေါ့။ နောက်ရုံးချိန်းမှာတော့ အပြီးသတ်လျှောက်လဲမှာဖြစ်တယ်” ဟု ဦးအောင်စစ်မင်းက ပြောသည်။

လက္ကာကျေးရွာသား ၂၀ ကျော်မှာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းကတည်းက ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

၄င်းတို့မှာ ရာကြီးအမှတ် ၆၀/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄၊ ရာကြီးအမှတ် ၅၉/၂၀၁၉၊ ၁၉၄၉ လက်နက်အရေးပေါ် (ယာယီ) ဥပဒေပုဒ်မ ၂၁(က) နှင့် ရာကြီးအမှတ် ၂/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ စသည်တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် (ULA/AA) ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပြန်လည်ရုပ်သိမ်းဖြစ်သည့်အတွက် ရခိုင်ကအကြမ်းဖက်မှုအချို့ကို စစ်ကောင်စီက ရုပ်သိမ်းပေးမှုများရှိလာသည်။

လက္ကာကျေးရွာသားများမှာ ရက္ခိုင့်တပ်တော် (ULA/AA) ကို အကြမ်းဖက်အဖွဲ့အဖြစ် မကြေငြာသည့်အချိန်မှစ၍ ဖမ်းဆီးခံထားရသူများဖြစ်သည်။

သို့သော် စစ်ကောင်စီက ရုပ်သိမ်းပေးသည့်အမှုများထဲတွင် လက္ကာကျေးရွာသားများအမှုကဲ့သို့ နှစ်တာရှည်ကြာ တရားစွဲဆိုခံထားရသည့်အမှုများ ပါဝင်ခြင်းမရှိသေးပေ။

လက္ကာကျေးရွာသားများကို စွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ တင်ပြထားသောသက်သေအထောက်ထားများမှာ အမှုနှင့်ပတ်သက်ဆက်နွယ်မှုပေါ်ခြင်းမရှိဘဲ ဖမ်းဆီးခံရထားရသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးစေချင်ကြောင်း မင်းထီး Law Firm ရှေ့နေအဖွဲ့မှ တောင်းဆိုထားသည်။

“သူတို့က ဒေသခံကျေးရွာသားတွေဖြစ်တယ်။ နှစ်ရှည်ဖမ်းဆီးခံရသူထဲမှာလည်းပါနေတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ချုပ်ရက်နှစ်ရှည်အမှုတွေကို ဦးစားပေးလွှတ်ပေးတဲ့စာရင်းမှာထည့်ပေးစေချင်တယ်။ သူတို့အတွက် အခုလိုနှစ်ရှည်ရင်ဆိုင်နေရတဲ့အတွက်လည်း အခက်အခဲ၊ ဆုံးရှုံးမှုတွေရှိတယ်။ ဒါကြောင့် အခြားလူတွေကို အမှုရုပ်သိမ်းနည်းတူ လွှတ်ပေးစေချင်တယ်” ဟု ဦးအောင်စစ်မင်းကပြောသည်။

ရက္ခိုင့်တပ်တော် (ULA/AA) ကို အကြမ်းဖက်အဖွဲ့အဖြစ်မှပြန်လည်ရုပ်သိမ်းခဲ့သည့် ၂၀၂၁ မတ် ၁၁ ရက်နေ့မှစ၍ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေးအတွက် မိသားစုဝင်များက မျှော်လင့်နေကြခြင်းဖြစ်သည်။

 
 

 

 

Most read this week

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...