ဧရာဝတီတိုင်းရှိ မြို့နယ်တိုင်းတွင် ပြောက်ကျားတပ်ဖွဲ့ရှိနေပြီဟု DGWCF ပြော

ဧရာဝတီတိုင်းရှိ မြို့နယ်တိုင်းတွင် ပြောက်ကျားတပ်ဖွဲ့ရှိနေပြီဟု DGWCF ပြော

ဧရာ၀တီတိုင်းရှိ မြို့နယ်တိုင်းတွင် ပြောက်ကျားတပ်ဖွဲ့များ ရှိနေပြီဖြစ်ကြောင်း မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု (DGWCF) ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်ဖြူလေးကပြောသည်။

မြို့နယ်တိုင်းရှိ ပူးပေါင်း ပြောက်ကျားတပ်ဖွဲ့များသည် ဇွန်လ ၁ ရက်မှ အောက်တိုဘာလ ၁၂ ရက်အထိ စာရင်းများအရ စစ်ကောင်စီနှင့် ပတ်သက်သည့်အရာများကို ဗုံးအလုံး ၄၀ ကျော်ဖြင့် တိုက်ခိုက်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲသတင်းပေး (ဒလန်) ရှစ်ဦးကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ဖြူလေးက ဆိုသည်။

မြို့ပြပြောက်ကျားများ အစီအစဥ်ဆွဲထားသည့် စစ်ဆင်ရေး အစီအစဉ်တချို့သည် ပြည်သူများထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ဖျက်ခဲ့ရသည်လည်းရှိကြောင်း သိရသည်။

"မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုက မြို့နယ်တိုင်းမှာရှိတဲ့ PDF တွေ မြို့ပြပြောက်ကျားတွေနဲ့ ပူပေါင်းပြီး စစ်ကောင်စီနဲ့ ပတ်သက်တဲ့အရာတိုင်းကို တိုက်ခိုက်နေတာပါ။ တခြားမိတ်ဖက်အဖွဲ့အစည်းတွေလည်း အများကြီးရှိပါတယ်။ ပြည်သူတွေအတွက် ကျွန်တော်တို့အဖွဲ့တွေ မြို့နယ်တိုင်းမှာရှိနေပါပြီ။ အခုအချိန်မှာတော့ လက်နက်လိုအပ်တာမျိုးတွေ ရှိနေသေးလို့ တိုက်ပွဲမလုပ်ဆောင်နိုင်သေးတာပါ" ဟု ဗိုလ်ဖြူလေးက ပြောသည်။

မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုအနေနှင့် စစ်အုပ်စုပြုတ်ကျသည်အထိ ပြည်သူများဘက်မှ တိုက်ခိုက်ပေးသွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် ပြည်သူအားလုံး တစ်ထောင့်တစ်နေရာက ပါဝင်ပေးပါဟု ဗိုလ်ဖြူလေးက ဆိုသည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...