ကျောက်ပန်းတောင်းမြို့ စည်ပင်ရုံးတွင် ဗုံး ၄ လုံးပေါက်ကွဲ

ကျောက်ပန်းတောင်းမြို့ စည်ပင်ရုံးတွင် ဗုံး ၄ လုံးပေါက်ကွဲ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ စည်ပင်ရုံးကို ယမန်‌နေ့ (အောက်တိုဘာလ ၁၂ ရက်) ညနေ ၆ နာရီ ၃၅ မိနစ်က ဗုံးလေးလုံးခွဲခဲ့ကြောင်း People Defence Force-Kyaukpadaung (KDF) အဖွဲ့တာဝန်ရှိသူက ပြောသည်။

"၆ နာရီ ၃၅ မိနစ်အချိန်မှာ ဗုံးတစ်လုံးကွဲပြီး စစ်ခွေးများရောက်လာချိန် နောက်ထပ်သုံးလုံး ထပ်ကွဲတယ်။ လူမထိဘဲ စက်တွေပဲထိသွားတယ်။" ဟု KDF အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အောက်တိုဘာ ၁၃ ရက် နံနက် ၁၀ နာရီအချိန်တွင် သိရသည့်သတင်းအရ ဒေသခံလေးဦးမှာ ဖမ်းဆီးခံရကြောင်း သိရသည်။

"လေးယောက်ဖမ်းခံရတာ ပျောက်ကြားတွေမဟုတ်ပါဘူး။ CDM စည်ပင်တစ်ယောက်၊ လွတ်လပ်ရေးရပ်ကွက်သား နှစ်ယောက်နဲ့ အမှိုက်ကားမောင်းသူတစ်ယောက်ပါ" ဟု KDF က ပြောသည်။

အများပြည်သူကို စစ်ကောင်စီနှင့်အတူ ဒုက္ခပေးနေသည့် စည်ပင်ရုံးကို ဗုံးခွဲခဲ့ကြောင်း KDF က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီနှင့် ဆက်နွှယ်သောနေရာများကို ဝေးဝေးကရှောင်ရန် KDF က သတိပေးထားသည်။

အောက်တိုဘာလ ၁၁ ရက်ကလည်း ကျောက်ပန်းတောင်းမြို့နယ်ရှိ မိုင်တဲတာဝါတိုင်ကို ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF KPG) တပ်ခွဲ (၁) မှ ဖျက်ဆီးခဲ့သေးသည်။

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...