တောင်သာမြို့နယ် NLD ပါတီ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ၏ နေအိမ်အား စစ်ကောင်စီတပ်က ပြာကျသည်အထိ မီးရှို့ဖျက်ဆီး

တောင်သာမြို့နယ် NLD ပါတီ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ၏ နေအိမ်အား စစ်ကောင်စီတပ်က ပြာကျသည်အထိ မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ စံဦးကျေးရွာတွင်နေထိုင်သော တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ ဦးဇော်ထွေး၏ နေအိမ်နှင့်ဂိုဒေါင်ကို ယမန်နေ့ အောက်တိုဘာလ ၁၂ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"မနေ့ညက ကျွန်တော့်အိမ်ကို ဓာတ်ဆီတွေလောင်းပြီး မီးရှို့တာ နာရီ၀က်အကြာအထိစောင့်ပြီး ငြှိမ်းလို့မရတဲ့အခြေအနေရောက်မှ သူတို့ ပြန်သွားကြတာ။ အိမ်တစ်လုံး၊ ဂိုဒေါင်တစ်လုံး၊ မီးဖိုဆောင်သပ်သပ်ဆောက်ထားတာတစ်လုံး၊ နွားတဲတစ်လုံး အားလုံးပေါင်း အဆောက်အဦ လေးလုံးပြာကျသွားတယ်။ ဂိုဒေါင်ထဲလှောင်ထားတဲ့ ကြက်သွန် ပိဿာချိန် ၁၈,၀၀၀ ရှိတာ အကုန်လုံး မီးထဲပါသွားတယ်။ လာရှို့တာ စစ်သားတွေပဲ အရပ်၀တ်တွေ၀တ်ပြီး မြို့နယ်စစ်ကောင်စီလူကြီး ဗိုလ်မှူးအောင်ကိုကိုရဲ့ အိမ်စီးကားအဖြူ‌ရောင်တစ်စီး၊ အနက်ရောင်တစ်စီးနဲ့လာတာ" ဟု ဦးဇော်ထွေးက မဇ္ဈိမကို ပြောသည်။

ဦးဇော်ထွေးသည် တောင်သာမြို့နယ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်သည်။

ထို့ကြောင့် တောင်သာမြို့မစခန်းမှူးက နိုင်ငံ‌တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) ဖြင့် မတ်လကတည်းက ၎င်းအား အမှုဖွင့်ထားသဖြင့် တိမ်းရှောင်နေရသူ ဖြစ်သည်။

၎င်းသည် မတ်လ ၁၇ ရက်ကတည်းက နေအိမ်မှတိမ်းရှောင်ခဲ့ပြီး ဇူလိုင်လ ၂၄ ရက် နံနက် ၄ နာရီတွင် စစ်ကောင်စီတပ်သားများ ၎င်းအား လာရောက်ရှာဖွေရာတွင် အိမ်‌၌ ရှိနေသည့် အသက် ၈၅ နှစ်အရွယ် ဖခင်ဖြစ်သူကို သေနတ်ဖြင့်ချိန်ကာ ခြိမ်းခြောက်ခဲ့သည်ဟု ဦးဇော်ထွေးက ပြောသည်။

ထိုနေ့ညတွင်ပင် စစ်ကောင်စီတပ်သားများက ထပ်ရောက်လာပြီး ၎င်း၏ ဖခင်ဖြစ်သူကို သေနတ်ဖြင့် လွှဲပစ်ကာ ခြောက်လှန့်ပစ်ခတ်ခြင်း၊အိမ်အနီးတွင် ဗုံးများဖောက်ခွဲခြင်းကြောင့် သွေးတိုးရောဂါအခံရှိသည့် ဖခင်မှာ သွေးလန့်ပြီး ဇူလိုင်လ ၂၇ ရက် နံနက်တွင် သေဆုံးခဲ့ရကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ၎င်းနှင့်‌‌ဆွေမျိုး တော်စပ်သူ နှစ်ဦးနှင့် ယာဉ်မောင်းတစ်ဦးတို့အား စက်တင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်များမှဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...