အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း သေဆုံးသူ (၁၂၂) ဦးအထိရှိလာ

အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း သေဆုံးသူ (၁၂၂) ဦးအထိရှိလာ

ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ စစ်ကောင်စီအုပ်စုမှ အာဏာသိမ်းပြီးနောက် ယနေ့အချိန်ထိ ကရင်နီပြည်နယ်မှာ သေဆုံးသူ (၁၂၂) ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) သတင်းနှင့်ပြန်ကြားရေးဗျူရိုမှ ဒီကနေ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သပိတ်အတွင်းသေဆုံးသူ ၂ ဦး၊ စစ်ကောင်စီမှအရပ်သားကို အကြောင်းမဲ့ သတ်ဖြတ်သူ (၈၂) ဦး၊ စစ်ဘေးရှောင်စဉ် သေဆုံးသူ (၁၀) ဦး၊ KNDF နဲ့ လက်နက်ကိုင်တပ်ဖွဲ့သေဆုံးသူ (၂၈) ဦးရှိတယ်လို့ PKPF ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့စာရင်း သိရပါတယ်။

သေဆုံးသူအများစုမှာ ဒီးမော့ဆိုမြို့မှဖြစ်ပြီး (၈၃) ဦး၊ လွိုင်ကော်မြို့မှ (၂၁) ဦး၊ ဖယ်ခုံမြို့မှ (၁၀) ဦး၊ မိုးဗြဲမြို့မှ ၅ ဦး၊ ဘောလခဲမြို့မှ ၂ ဦး၊ ဖရူဆိုမြို့မှ တစ်ဦးဖြစ်ပြီး အမျိုးသား (၁၀၆) ဦး၊ အမျိုးသမီး (၁၁) ဦးနဲ့ ကလေးငယ် ၅ ဦးပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 
 

 

 

May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...