စစ်တွေမြို့ပေါ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

စစ်တွေမြို့ပေါ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကသဲရပ်ကွက်တွင် ယနေ့နံနက်က ကို်ယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ဒေါ်ဇာနီသန်း (၂၇ နှစ်) ဖြစ်ပြီး ကိုယ်ဝန် (၂) လလွယ်ထားရသူဖြစ်သည်။

သူမသည် အမျိုးသားဖြစ်သူ ကိုအောင်မြတ်နှင့် စစ်တွေမြို့ ရူပမြောက်ရပ်ကွက်တွင် အတူနေထိုင်ပြီး မိဘများနေထိုင်သည့် ကသဲရပ်ကွက်ရှိနေအိမ်သို့ ရောက်ရှိနေချိန် ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်သည်ဟု သူမ၏အမျိုးသား ကိုအောင်မြတ်က နိရဥ္စရာအားပြောသည်။

“ဘာပြဿနာမှလည်း မရှိပါဘူး။ ကျွန်တော်အလုပ်ကနေပြီး သတင်းရလို့လိုက်လာတော့ သေသွားပါပြီတဲ့။ ကျွန်တော့်ဘဝက အမှောင်ကျသွားပါပြီ။ ဘာလုပ်လို့ရပါတော့မလဲဗျာ” ဟု ပြောသည်။

သေဆုံးသွားသူသည် မိဘများနေအိမ် အပေါ်ထပ်အခန်းတစ်ခန်းအတွင်းတွင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်ပြီး မိခင်ဖြစ်သူက စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကသဲရပ်ကွက်အုပ်ချုပ်ရေးမှူးဦးထွန်းသာစိန်ကလည်း အဆိုပါအမျိုးသမီးမှာ ကိုယ်ဝန်ဆောင်ဖြစ်သည်ဟု ကြားသိရပြီး မည်သည့်ကိစ္စအတွက်ကြောင့် ကြိုးဆွဲချသေဆုံးခဲ့သည်ကို မသိရှိရကြောင်းပြောသည်။

သေဆုံးသူသည် လွန်ခဲ့သည့်ရက်ပိုင်းက နေမကောင်းဟုဆိုကာ တမိုင်မိုင်ဖြစ်နေပြီး မိသားစုနှင့် တစ်စုံတစ်ရာ ပြဿနာမရှိခဲ့ကြောင်း အမျိုးသားဖြစ်သူက ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ သိမ်တောင်ရပ်ကွက်တွင် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက် ည ၇ နာရီခွဲခန့်ကလည်း စစ်တွေမြို့ ကုန်တန်းရပ်ကွက် အကွက် (၃) တွင်နေထိုင်သည့် ဟိန္ဒူအမျိုးသား ဦးဘဒေါင်း (၄၇ နှစ်) သည်လည်း ၎င်း၏နေအိမ်တွင် ကြိုးဆွဲချ သေဆုံးသွားကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၈ ရက်ကလည်း ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်၊ စစ်ဘေးရှောင်များခိုလှုံနေသော ရန်အောင်မြေကျောင်းတိုက်၌ သက်တော် (၃၂ နှစ်) အရွယ် ကိုယ်ရင်ကြီးတစ်ပါး ကြိုဆွဲချသေဆုံးသွားကြာင်းလည်း သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...