ရေးမြို့နယ် ခေါဇာမြို့ ရန်ကုန်-ထားဝယ် ကားလမ်းမကြီးပေါ်ရှိ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရ

ရေးမြို့နယ် ခေါဇာမြို့ ရန်ကုန်-ထားဝယ် ကားလမ်းမကြီးပေါ်ရှိ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရ

ရေးမြို့နယ် ခေါဇာမြို့ ရန်ကုန်-ထားဝယ် ကားလမ်းမကြီးပေါ်ရှိ ကလော့ချောင်းတံတားမှာ အောက်တိုဘာလ (၁၃) ရက် မွန်းလွဲပိုင်းအချိန်က ဗုံးခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတွေထံက ပြောပါတယ်။

ဗုံးခွဲခံရပြီးနောက် တံတားပေါ်မှာ (၆) ပေခန့် အပေါက်ကြီးဖြစ်သွားခဲ့ပြီး၊ တံတားယက်မတစ်ချောင်းလည်း ကလော့ချောင်းအတွင်း ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း တံတားကြံ့ခိုင်မှုအခြေအနေအရ ကုန်တင်ကားကြီးများ ဖြတ်သန်းမရဘူးလို့ ဒေသခံတွေထံက ပြောပါတယ်။

“‌‌နေ့လည်ဝန်းကျင်လောက်မှာ ပေါက်ကွဲသံကြားရတယ်။ နောက်မှ တံတား (ကလော့ချောင်းတံတား) ပေါ်မှာ ဗုံးပေါက်တယ်လို့သိရတယ်။တံတားပေါ်မှာ (၆) ပေလောက်ရှိတဲ့ လမ်းအပေါက်ကြီး ဖြစ်သွားတယ်လို့သိရတယ်။ တံတားရဲ့ယက်မတစ်ချောင်းလည်း ချောင်းထဲပြုတ်ကျသွားတယ်။လောလောဆယ် ကားကြီးတွေ ပေးမဖြတ်တော့ဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရပြီး‌နောက် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံက သိရပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...