ရေးမြို့နယ် ခေါဇာမြို့ ရန်ကုန်-ထားဝယ် ကားလမ်းမကြီးပေါ်ရှိ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရ

ရေးမြို့နယ် ခေါဇာမြို့ ရန်ကုန်-ထားဝယ် ကားလမ်းမကြီးပေါ်ရှိ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရ

ရေးမြို့နယ် ခေါဇာမြို့ ရန်ကုန်-ထားဝယ် ကားလမ်းမကြီးပေါ်ရှိ ကလော့ချောင်းတံတားမှာ အောက်တိုဘာလ (၁၃) ရက် မွန်းလွဲပိုင်းအချိန်က ဗုံးခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတွေထံက ပြောပါတယ်။

ဗုံးခွဲခံရပြီးနောက် တံတားပေါ်မှာ (၆) ပေခန့် အပေါက်ကြီးဖြစ်သွားခဲ့ပြီး၊ တံတားယက်မတစ်ချောင်းလည်း ကလော့ချောင်းအတွင်း ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း တံတားကြံ့ခိုင်မှုအခြေအနေအရ ကုန်တင်ကားကြီးများ ဖြတ်သန်းမရဘူးလို့ ဒေသခံတွေထံက ပြောပါတယ်။

“‌‌နေ့လည်ဝန်းကျင်လောက်မှာ ပေါက်ကွဲသံကြားရတယ်။ နောက်မှ တံတား (ကလော့ချောင်းတံတား) ပေါ်မှာ ဗုံးပေါက်တယ်လို့သိရတယ်။တံတားပေါ်မှာ (၆) ပေလောက်ရှိတဲ့ လမ်းအပေါက်ကြီး ဖြစ်သွားတယ်လို့သိရတယ်။ တံတားရဲ့ယက်မတစ်ချောင်းလည်း ချောင်းထဲပြုတ်ကျသွားတယ်။လောလောဆယ် ကားကြီးတွေ ပေးမဖြတ်တော့ဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရပြီး‌နောက် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံက သိရပါတယ်။

 
 

 

 

Most read this week

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...