ကျိုက်ထိုမြို့ပြည်သူ့ဈေး (ရှမ်းဈေး) မီးလောင်မှုဖြစ်

ကျိုက်ထိုမြို့ပြည်သူ့ဈေး (ရှမ်းဈေး) မီးလောင်မှုဖြစ်

ကျိုက်ထိုမြို့ရှိ ပြည်သူ့ဈေး (ရှမ်းဈေး) မှာ အောက်တိုဘာလ ၁၂ ရက် နံနက် ၆ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၈ ခန်း မီးလောင်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

“မနက် (၆) နာရီမထိုးခင် မီးစလောင်တယ်လို့သိရတယ်။ ရှမ်းဈေးရုံ (၄) က အီလက်ထရောနစ် ပြုပြင်ရေးလုပ်တဲ့ဆိုင်က စလောင်တာလို့ပြောကြတယ်။ မီးလောင်တဲ့အချိန်က ကုန်စိမ်းတန်းတို့၊ သားငါးတန်းတွေက ဖွင့်နေပြီးဖြစ်လို့ လူနိုင်သွားတယ်လို့ ပြောလို့ရပါတယ်။ ဆိုင်ခန်း (၈) ခန်းကတော့ လောင်သွားတယ်၊ တခြားဆိုင်တွေလည်း မီးဟပ်တာတွေလည်းရှိခဲ့တယ်” လို့ ကျိုက်ထိုမြို့ခံတစ်ဦးက ပြောပါတယ်။

ကျိုက်ထိုပြည်သူဈေး (ရှမ်းဈေး) မီးလောင်မှုကို မနက် ၆ နာရီခွဲအချိန်ခန့်က မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် ပျက်ဆီးဆုံးရှုံးမှုအနေဖြင့် ကျပ် ၂၁ သိန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် မီးသတ်ဦီးစီးဌာနက ဆိုပါတယ်။

 
 

 

 

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...