ဆီဆိုင် ကိုဗစ် လူနာ တစ်ဦး ဆေးရုံဆင်ပြီး ၃ရက်ကြာသေဆုံး

ဆီဆိုင် ကိုဗစ် လူနာ တစ်ဦး ဆေးရုံဆင်ပြီး ၃ရက်ကြာသေဆုံး

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး ဆေးရုံဆင်းပြီး ၃ ရက်အကြာမှာ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ဆီဆိုင်မြို့ အောင်ချမ်းရပ်ကွက်မှ အသက် (၇၆) နှစ်အရွယ် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ အတည်ပြုလူနာဖြစ်ပြီး ဆေးရုံမှဆင်းပြီး (၃) ရက်အကြာ အောက်တိုဘာ (၁၁) ရက်မှာ သေဆုံးသွားကြောင်း ဆီဆိုင်မြို့၏ ပရဟိတတစ်ဦးထံမှ သိရှိရသည်။

“ဆေးရုံက သက်သာလို့ ဆင်းခွင့်ပေးလိုက်တယ်။ အိမ်မှာ မလိုအပ်ပဲ အောက်စီဂျင် တွေ ပေးတယ်လို့ ကြားတယ်” ဟု ဆီဆိုင် ပရဟိတ တစ်ဦး ကပြောသည်။

ဆီဆိုင်မြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်သူ (၁၁၀၈) ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူ (၂၄) ဦးရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

“စည်းကမ်းမလိုနာတာလည်း ပါတယ်။ နေရာအနှံ့ကူးစက်နေတာ။ ကာကွယ်ဆေးလဲထိုးပေးပါတယ်။ (၂) ကြိမ်ထိုးထားတဲ့ သူတွေလဲ ကူးတယ်။ အဓိကကတော့ လူတိုင်းကို မစစ်ဆေးပေးနိုင်တော့ အဲ့တော့ ကိုယ့်မှာ ပိုးရှိနေမှန်းမသိတော့ တစ်ယောက်ကနေ အများကူးစက်ကုန်တာပေါ့” ဟု ဆီဆိုင်မြို့နယ်၏ ပရဟိတတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီမှ ထိုးပေးသည့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) သည် ဆီဆိုင်မြို့နယ်တွင် ပထမအကြိမ်အနေဖြင့် (၃) သုတ် ထိုးသွားပြီဖြစ်ပြီး ဒုတိယအကြိမ် အနေဖြင့် (၁) သုတ်သာ ထိုးပြီးသေကြောင်း စုံစမ်းသိရှိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...