ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါးဖြစ်နေ

ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါးဖြစ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ် လုနီးပါးဖြစ်နေကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့နယ်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် ထောင်ချီရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်အကြား စစ်ရေးတင်းမာမှု ရှိနေဆဲဖြစ်သည့်အတွက် နေရပ်မပြန်ရဲသေးကြောင်း၊ ထိုစစ်ရှောင်များအတွက် စားနပ်ရိက္ခာများ ပြတ်လပ်မည့်အခြေနေဖြစ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“စားနပ်ရိက္ခာတွေ လိုအပ်နေတာ၊ အဓိက က ဟင်းနဲ့ ဆေးဝါးတွေလိုတယ်၊ ဆန်ရှိထားပေမယ့် ဟင်းမရှိရင်လည်း မလွယ်ဘူး၊ ဟင်းတွေက ကြာကြာထားလို့ မရဘူးဆိုတော့ ပိုခက်ခဲတယ်။ ခုဆို အလှူရှင်တွေက နည်းပါးသွားတော့ ဟင်းတွေက မလုံလောက်တော့ဘူး” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ကျောက်မဲ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ်တွင် မန်ခါစစ်ရှောင်စခန်း၊ မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ မိုင်းတင်း၊ နမ့်ဆော့၊ နားမွန်းနှင့် ဗြိန်းခါးစစ်ရှောင်စခန်း၊ ဟူးဆွန်စစ်ရှောင်စခန်း၊ ကြူရှော (မြောက်ရွာ) နှင့် မိုင်းငေါ့မြို့ရှိ စစ်ရှောင်စခန်းတို့တွင် စစ်ရှောင်ခိုလှုံနေသူ ထောင်နှင့်ချီ ရှိနေကြောင်း သိရသည်။

ထို့အပြင် နောင်ပိန်ကျေးရွာ၊ ပုပ္ပါရုံကျောင်းတိုက်အတွင်း ရောက်ရှိခိုလှုံနေသည့် ပန်စလော့ကျေးရွာမှ စစ်ရှောင် (၃၀)ကျော်လည်း စားနပ်ရိက္ခာ အခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့ပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် လွန်ခဲ့သည့် (၇) လဝန်းကျင် ကတည်းက နေရပ်မပြန်ရဲကာ မြို့ပေါ်ရပ်ကွက်တို့တွင် အိမ်ငှားနေထိုင်ကြသည့် စစ်ရှောင် (၁၇၀၀) ဝန်းကျင်ထိ ရှိနေကြောင်းသိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...