မူဆယ်-မန္တလေး မောင်းသည့် ကားသမား ဓားပြတိုက်ခံရ

မူဆယ်-မန္တလေး မောင်းသည့် ကားသမား ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှ မန္တလေးမြို့သို့ ကားမောင်းသည့် ခရီးသည်တင်ကားသမားတစ်ဦးသည် ဓားပြတိုက်ခံရကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီကျော်ဝန်းကျင်အချိန်တွင် မန္တလေးမြို့မှ မူဆယ်မြို့သို့ ခရီးသည်လာပို့သည့် ကားသမားတစ်ဦးသည် မူဆယ်မြို့နယ် တုန်ခန်အနီးတွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲမှ ဓားပြတိုက်ခြင်းကိုခံရကြောင်း အဆိုပါကားသမားနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အောက်တိုဘာလ ၉ ရက်နေ့မှာ ဓါးပြတိုက်ခံရပါတယ်၊ သူက မန္တလေးကထွက်လာတာ နောက်ကျလို့ မူဆယ်ကို အဝင်လည်း နောက်ကျသွားတယ်။ မူဆယ်မရောက်ခင် ၁၀၅ နားက တုန့်ခန်မှာ ဓါးပြတိုက်ခံရတယ်တဲ့၊ သူ့ (ကားသမား) ကို လက်သီးနဲ့ မျက်နှာကိုတစ်ချက် ဗိုက်ကိုတစ်ချက်ထိုးတယ်တဲ့၊ သူ့နဲ့ ခရီးသည်က ပါလာတဲ့ပစ္စည်းတွေ ပိုက်ဆံတွေရော ကားကစ ဓားပြအဖွဲ့က အကုန်ယူသွားတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ ဓားပြလာတိုက်သည့် အဖွဲ့သည် မျက်နှာဖုံးကိုယ်စီစွပ်ထားပြီး ၎င်းတို့တွင် ဓားနှင့်သေနတ်များပါရှိကြောင်းလည်း သိရသည်။

“ကြည့်ရတာ သူတို့က အမြဲတမ်းလှုပ်ရှားတဲ့ အဖွဲ့တော့ မဖြစ်လောက်ပါဘူး၊ မှောင်လည်းမှောင် ကြောက်လည်းကြောက်နေတော့ စုစုပေါင်း ဘယ်လောက်လာကြလဲတော့ မသိဘူး၊ ကားသမားကိုလာရိုက်တဲ့တစ်ယောက်က ဓားကိုင်ထားတာ၊ သူ့ဘေးကတော့ သေနတ် (အတို) ကိုင်ထားတယ်” ဟု ကားသမားနှင့် နီးစပ်သူတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဓားပြတိုက်လာသော ၎င်းတို့လူတစ်စုသည် ပစ္စည်းများနှင့် ကားများကိုယူဆောင်ပြီး ဖောင်ဆိုင်ဖက်သွားသည့်လမ်းသို့ မောင်းနှင်သွားကြောင်း ဓားပြတိုက်ခံရသည့် ကားသမားနှင့် ခရီးသည် အမျိုးသမီးနှစ်ဦးတို့သည် လမ်းကြုံကားဖြင့် မူဆယ်မြို့သို့ ပြန်ရောက်လာရကြောင်း သတင်း သိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် သျှမ်းပြည်မြောက်ပိုင်း အဝေးပြေးလမ်းမကြီးဖြစ်တဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေး ပြည်ထောင်စုလမ်းမ ပေါ်တွင် ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားနေေသော်လည်း သက်ဆိုင်ရာက ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အပြင် ဖြတ်သန်းသွားလာနေသည့် ကားများကိုလည်း စစ်ကောင်စီက ခြိမ်းခြောက်ချောဆွဲနေတာတွေ ရှိနေကြောင်းလည်း သတင်းသိရသည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...