(၁) လနီးပါး ထွက်ပြေးလာသည့် စစ်ရှောင်တစ်ချို့ နေရပ်သို့ ပြန်သွား

(၁) လနီးပါး ထွက်ပြေးလာသည့် စစ်ရှောင်တစ်ချို့ နေရပ်သို့ ပြန်သွား
ပုံစာ - နေရပ်ပြန်ရန် ပြင်ဆင်နေသည့် စစ်ရှောင်များ
ပုံစာ - နေရပ်ပြန်ရန် ပြင်ဆင်နေသည့် စစ်ရှောင်များ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များအချို့ နေရပ်သို့ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာ (၁၄) ရက်နေ့ကတည်းက သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် ဟိုခဲကျေးရွာအုပ်စုရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။

“မနေ့တော့ တစ်နေ့လုံး လက်နက်သံတွေ မကြားရတော့ဘူး။ ဒီနေ့တော့ မပြောတတ်သေးဘူး။ ဟိုခဲကျေးရွာအုပ်စုထဲက ကျေးရွာ တွေ အများကြီး ပြန်သွားကြပြီ သူတို့လာတာလဲ တစ်လ ရှိတော့မယ် အဲ့ကြောင့် သူတို့လဲ ပြန်ချင်နေကြပြီ” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ကော်မတီဝင် တစ်ဦး ကပြောသည်။

လက်ရှိ မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင်များ (၃၀၀၀) ကျော် ကျန်ရှိနေပြီး ၎င်းတို့သည် ဟမ်းငိုင်းကျေးရွာအုပ်စုမှာ (၁၀၀၀) ခန့်နှင့် ပန်ကေတု ကျေးရွာအုပ်စုမှာ (၂၁၀၀) ကျော်ခန့် ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

“၃ ထောင်ကျော်လောက်တော့ ကျန်သေးတယ်။ ဟိုခဲကျေးရွာအုပ်စုထဲက တိုက်ပွဲတွေ ငြိမ်သွားပြီ။ နောက်ဆုံးလာဖြစ်တာက ပန်ကေတုမှာပဲ လာဖြစ်တော့တာ” ဟု ပန်ကေတုက စစ်ရှောင်ကူညီပေးသူ တစ်ဦးကပြောသည်။

အောက်တိုဘာ (၉) ရက်နေ့က စပြီး ဟိုခဲကျေးရွာအုပ်စုနှင့် ဟမ်းငိုင်းကျေးရွာအုပ်စုထဲအတွင်းရှိ ကျေးရွာတစ်ချို့ စစ်ဘေးတိမ်းလာသည့် ဒေသခံများ နေရပ်ပြန်သွားကြပြီဖြစ်သည်။

“တိုက်ပွဲနဲ့ မနီးတဲ့ ကျေးရွာ တစ်ချို့တွေတော့ အိမ်အခြေနေကို ပြန်ကြည့်ကြတယ်။ ဒီ ၂ ရက် ၃ ရက်အတွင်းတော့ တိုက်ပွဲကြီးကြီးမားမားတော့ မရှိဘူး။ စစ်ရေးတင်းမာတာတွေတော့ ရှိတယ်။ တိုက်ပွဲတော့ ငြိမ်နေသေးတယ်” ဟု RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူး ခမ်းစံက သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ်အတွင်းရှိ ဟိုခဲကျေးရွာအုပ်စု ဟမ်းငိုင်းကျေးရွာအုပ်စု ပန်ကေတုကျေးရွာအုပ်စုရှိ ဒေသခံများ (၅၀၀၀) ကျော် နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲကြောင့် ဒေသခံများ လက်နက်ကြီး (၄) ဦးထိမှန်ပြီး တစ်ဦး သေဆုံးခြင်း၊ ခြံအတွင်း မြေမြုပ်မိုင်း နင်းမိပြီး (၂) ဦး ဒဏ်ရာရရှိခဲ့ခြင်း များရှိခဲ့သည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...