ဇီးကုန်းမြို့ ရဲကင်းကို ဗုံးဖြင့်တိုက်ခိုက်၊ ရဲ ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ

ဇီးကုန်းမြို့ ရဲကင်းကို ဗုံးဖြင့်တိုက်ခိုက်၊ ရဲ ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ

သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ရှိ ရဲကင်းစခန်းတခုကို ယမန်နေ့ညက လက်ပစ်ဗုံးများဖြင့်ပစ်သွင်းတိုက်ခိုက်မှုကြောင့် ရဲနှစ်ဦးသေဆုံးကာ နှစ်ဦးကို ဆေးရုံတင်ကုသမှုပေးနေရကြောင်း ဒေသခံများကပြောသည်။

ဇီးကုန်းမြို့တွင်း တိုးဂိတ်အနီးတွင်ရှိသော ရဲကင်းစခန်းကို ည ၁၁ နာရီခန့်က လက်ပစ်ဗုံးနှစ်လုံးပစ်ခံရမှုကြောင့် “တစ်ယောက်က ပွဲချင်ပြီးသေတယ်။ နောက်တစ်ယောက်က ဆေးရုံမှာသေတယ်။ ဒုတပ်ကြပ်နဲ့ တပ်သားတစ်ယာက်လည်း ပြည်ဆေးရုံမှာ အရေးပေါ်ကုနေရတယ်” ဟု မြို့ခံတဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုမှာ အာဏာသိမ်းပြီးသည့်နောက်ပိုင်း ဇီးကုန်းမြို့တွင် စစ်အုပ်စုဘက်ကိုလက်နက်ဖြင့် တိုက်ခိုက်မှု ပထမဆုံးအကြိမ်ဖြစ်လာသည်။

 
 

 

 

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...